တာချီလိတ်မြို့တွင် အသက်(၂)နှစ်ကျော် ကလေးငယ်ထံက Covid-19 ပိုးတွေ့

တာချီလိတ်မြို့တွင် အသက်(၂)နှစ်ကျော် ကလေးငယ်ထံက Covid-19 ပိုးတွေ့
ဒီဇင်ဘာ 2, 2020
By Tachileik News Agency
 

တာချီလိတ်မြို့တွင် အသက်(၂)နှစ်ကျော် ကလေးငယ်ထံက Covid-19 ပိုးတွေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့တွင် (၅)ဦးမြောက် အတည်ပြုလူနာ အဖြစ် အသက် (၂) နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း သိရသည်။
ဆန်ဆိုင်းဟိုတယ်၌ အသွားအလာကန့်သတ်ထားသူများအား စစ်ဆေးရာမှ အသက် (၂)နှစ်ကျော် ကလေးတွင် ကူးစက်ခံထားရသည်ကို တွေ့ရခြင်းဖြစ်သည်။
တာချီလိတ်မြို့တွင် ဒီဇင်ဘာလ (၂) ရက်နေ့အထိ အတည်ပြုလူနာ (၅၅)ဦးရှိလာသည့်အနက် အသက်(၂) နှစ်အရွယ်ကလေးမှာ အငယ်ဆုံးအတည်ပြုလူနာဖြစ်သည်။
တာချီလိတ်မြို့တွင် COVID 19 ဒေသတွင်းကူးစက်မှုအဖြစ် နိုဝင်ဘာလ (၂၅) ရက်နေ့မှစ၍ တွေ့ရှိလာပြီဖြစ်ရာ အများပြည်သူအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ခြင်း၊ မဖြစ်မနေ အပြင်ထွက်ရမည်ဆိုပါက နှာခေါင်းစည်း (Mask)ကို စနစ်တကျနှင့် အမြဲတစေ တပ်ဆင်ခြင်း၊ မကြာခဏ လက်ဆေးခြင်း၊ လူစုလူဝေး ရှောင်ခြင်းတို့ကို မိမိကိုယ်တိုင် လိုက်နာခြင်းအပြင် အခြားသူများကိုလည်း လိုက်နာစေရန် သတိပေးခြင်းများ လုပ်ဆောင်ကြရန်နှင့် ဖျားနာ၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ အနံ့ပျောက်လျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသကြရန် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ရှမ်းပြည်နယ်၊ အရှေ့ပိုင်း)မှ တိုက်တွန်းသတိပေးထားသည်။
  Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~