ပြည်သူ့လွှတ်တော်အတွက် ရှမ်းပြည်နယ်တွင် USDP, NLD နှင့် SNLD တို့ အများဆုံး အနိုင်ရ

ပြည်သူ့လွှတ်တော်အတွက် ရှမ်းပြည်နယ်တွင် USDP, NLD နှင့် SNLD တို့ အများဆုံး အနိုင်ရ
နိုဝင်ဘာ 11, 2020
By Tachileik News Agency

ပြည်သူ့လွှတ်တော်အတွက် ရှမ်းပြည်နယ်တွင် USDP, NLD နှင့် SNLD တို့ အများဆုံး အနိုင်ရ

 

ရှမ်းပြည်နယ်အတွင်း မြို့နယ်ပေါင်း (၅၅)မြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့် (၆)မြို့နယ်မှအပ ကျန်မြို့နယ်ပေါင်း (၄၉)မြို့နယ်တွင် ပြည်သူ့လွှတ်တော်နေရာကို USDP က (၁၅)နေရာ အများဆုံးရရှိပြီး NLD က (၁၄)နေရာအဖြစ် ဒုတိယအများဆုံး ရရှိကာ SNLD က (၁၃)နေရာအဖြစ် တတိယအများဆုံး ရရှိထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) က ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် (၆)နေရာ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် (၄)နေရာ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် (၅)နေရာ စုစုပေါင်း (၁၅)နေရာရရှိခြင်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) က ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် (၇)နေရာ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် (၄)နေရာ နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် (၃)နေရာ စုစုပေါင်း (၁၄)နေရာ အနိုင်ရရှိခြင်း ဖြစ်သည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) က ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် (၇)နေရာ နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် (၆)နေရာ စုစုပေါင်း (၁၃)နေရာ ရရှိခြင်း ဖြစ်သည်။

အနည်းဆုံးအနေဖြင့် ပြည်သူ့လွှတ်တော်နေရာအား တအာင်း(ပလောင်)အမျိုးသားပါတီ (TNP) က ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် (၃)နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)က ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် (၃)နေရာ နှင့်  'ဝ'အမျိုးသားပါတီ(WNP) က ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် (၁)နေရာ အနိုင်ရရှိခဲ့ကြသည်။

အဆိုပါ အနိုင်ရရှိမှုသည့် မဲရလဒ်များ၏ အနိုင်ရရှိမှုများဖြစ်ပြီး အငြင်းပွားဖွယ်များရှိပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အတည်ပြုချက်တာ အတည်ဖြစ်မည်။

ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် ရှမ်းပြည်နယ်အတွင်းမှ မြို့နယ်များမှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် မိုင်းလား၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် မိုင်းကိုင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ပန်ဆန်း၊ နားဖန်း၊ ပန်ဝိုင် နှင့် မိုင်းမောမြို့နယ်တို့ ဖြစ်သည်။ 
Tachileik News Agency
Source:  #mmelection2020
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~