ရွှေ့ပြောင်းနေထိုင်သူများသည့် တာချီလိတ်တွင် မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် ကော်မရှင်ခွဲအဖွဲ့ဝင်များ ဆွေးနွေး

ရွှေ့ပြောင်းနေထိုင်သူများသည့် တာချီလိတ်တွင် မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် ကော်မရှင်ခွဲအဖွဲ့ဝင်များ ဆွေးနွေး
သြဂုတ် 17, 2020
By Tachileik News Agency
ရွှေ့ပြောင်းနေထိုင်သူများသည့် တာချီလိတ်တွင် မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် ကော်မရှင်ခွဲအဖွဲ့ဝင်များ  ဆွေးနွေး
ရှမ်းပြည်နယ် (အရှေ့ပိုင်း)  တာချီလိတ်မြို့နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲအတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့က  ဆွေးနွေးကြရာ၌ ရွှေ့ပြောင်းနေထိုင်သူများသည့်ဒေသဖြစ်၍ မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် အဓိကထားဆွေးနွေးကြသည်ကို တွေ့ရသည်။
“အခု မဲဆန္ဒရှင်စာရင်းကြေညာပြီးတဲ့အထိ တွေ့ရသလောက်ဆိုရင် လူတွေက မဲစာရင်းကို စိတ်ဝင်စားတယ်။ လာကြည့်ကြတယ်။ ဒါပေမဲ့ မဲစာရင်းစာရွက်ကို တစ်ရွက်ချင်းလှန်ရှာနေရတာ အခက်အခဲဖြစ်တာကို တွေ့ရတယ်။ ကျွန်မတို့ တစ်ချို့ရပ်ကွက်တွေမှာတော့ မဲစာရင်းကူညီကြည့်ပေးမယ့် volunteer စီစဉ်ပေးထားတော့ အဆင်ပြေသွားတာ တွေ့ရတယ်။ တာချီလိတ်မှာ ရွှေ့ပြောင်းများတော့ မဲဆန္ဒရှင်စာရင်းက ဒုတိယအကြိမ်အတွက် အတော်လေးကို ပြင်ဆင်ရမယ် ထင်ပါတယ်။ အခု ကျွန်မတို့ တွေ့ရသလောက်ဆိုရင် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာတာ တစ်ချို့ရပ်ကွက်တွေက သိပ်ကို စနစ်ကျတာ တွေ့ရပါတယ်။အဲဒီထဲမှာ မယ်ခေါင်ရပ်ကွက်က စနစ်အကျဆုံးပါပဲ။ မဲစာရင်းလာကြည့်သူကိုပါ သေချာစနစ်တကျ မှတ်တမ်းယူပြီး လုပ်တာတွေ့ရပါတယ်”ဟု တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အဖွဲ့ဝင်ဖြစ်သည့် ဒေါ်နန်းဇင်မျိုးအောင်က ဆွေးနွေးသည်။
တာချီလိတ်မြို့နယ်အတွင်း ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာရာ၌ မဲစာရင်းပြင်ဆင်၊ ဖြည့်စွက်ခြင်းများအတွက် လျှောက်ထားသည့်ကိစ္စများကို အချို့ရပ်ကွက်၊ ကျေးရွာရုံးများ၌ အခက်အခဲရှိနေသည်ကို တွေ့ရ၍ ကော်မရှင်က ကူညီပံ့ပိုးဆောင်ရွက်ပေးရန် တာချီလိတ်မြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က ထည့်သွင်းဆွေးနွေးသည်။
လက်ရှိတွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း၌ ပြင်ဆင်ဖြည့်စွက်ရန်လိုအပ်သည်များကို စတင်ပြင်ဆင်နေကြခြင်းဖြစ်သည်။
Tachileik News Agency
 
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~