ရန်ကုန်တွင် COVID 19 ကုသမှုခံယူပြီး တာချီလိတ်သို့ ပြန်လာသည့် ရဲအရာရှိတစ်ဦးကို quarantine ထားပြီး ထပ်မံစစ်ဆေးရာ Covid-19 ပြန်တွေ့

ရန်ကုန်တွင် COVID 19 ကုသမှုခံယူပြီး တာချီလိတ်သို့ ပြန်လာသည့် ရဲအရာရှိတစ်ဦးကို quarantine ထားပြီး ထပ်မံစစ်ဆေးရာ Covid-19 ပြန်တွေ့
နိုဝင်ဘာ 17, 2020
By Tachileik News Agency
ရန်ကုန်တွင် COVID 19 ကုသမှုခံယူပြီး တာချီလိတ်သို့ ပြန်လာသည့် ရဲအရာရှိတစ်ဦးကို quarantine ထားပြီး ထပ်မံစစ်ဆေးရာ Covid-19 ပြန်တွေ့ 
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းမှ ရဲအရာရှိတစ်ဦး ရန်ကုန်တွင် သင်တန်းတက်စဉ် COVID 19 positive တွေ့၍ ကုသမှုခံယူပြီး တာချီလိတ်ပြန်ရောက်စဉ် အသွားအလာ ထပ်မံကန့်သတ်၍ ပြန်လည်စစ်ဆေးရာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့တွင် Covid-19 ပိုးပြန်တွေ့၍ တာချီလိတ်ပြည်သူ့ဆေးရုံ၌ စောင့်ကြည့်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"ရန်ကုန်မှာ သင်တန်းတက်တုန်းက သင်တန်းသား (၁) ဦးက positive ဖြစ်တယ်။ ဒီတော့ သင်တန်းသားအားလုံးကို စစ်တယ်။ စစ်တဲ့အခါမှာ တာချီလိတ်က သင်တန်းသွားတက်တဲ့ သင်တန်းသားကလည်း positive ထွက်တယ်။ သူ့ကို ရိုးမ COVID 19 ကုသရေးစင်တာမှာ ကုပြီးတော့ ဆေးရုံကဆင်းလာတော့လည်း ရဲတပ်ဖွဲ့ကလည်း နောက်ထပ်စိတ်ချရအောင်ဆိုပြီး (၁၄)ရက် quarantine ထပ်ထားတယ်။ ထားပြီးတော့ ဒီကို ကုန်ကားနဲ့ပြန်လာတာ။ အဲဒီကတည်းကတော့ ပြည်နယ်ရဲမှူးကို ကျွန်တော်တို့ ကျန်းမာရေးဌာနအနေနဲ့ပြောတာက guideline အရ ကုသမှုခံယူပြီးလူတွေကို ပြန်တော့ မစစ်ဘူး။ သူက တကယ့်ကိုဗစ်ကုသရေးစင်တာကြီးမှာ ကုသလာတာ။ နောက်ထပ်လည်း quarantine ထားပြီးပြီဆိုတော့ သူ့ကို quarantine မထားလည်းရပါတယ်ဆိုပေမဲ့ သူက ရဲလိုင်းခန်းမှာနေရမှာဆိုတော့ စိတ်ချရအောင် ထပ်စစ်ပေးပါဆိုတော့ သူဒီကိုပြန်လာတဲ့ လမ်းခရီးမှာလည်း ထိတွေ့ရှိနိုင်တယ်ဆိုပြီး quarantine ထားပြီး ထပ်စစ်လိုက်တယ်။"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဆေးရုံဆင်း COVID 19 အတည်ပြုလူနာများအား ထပ်မံစစ်ဆေးမှုတွင် ပိုးတွေ့ရကြောင်းအဖြေထွက်တတ်သော်လည်း အခြားသူများသို့ ကူးစက်စေနိုင်ခြင်း၊ ရောဂါပြန်လည်ဖြစ်ပွားခြင်းမရှိတော့ဘဲ ၎င်းတို့၏ သွေးရည်ကြည် ဖြင့် အခြား COVID 19 အတည်ပြုလူနာများကို ကုသပေးနိုင်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် COVID 19 အတည်ပြုလူနာ Case 96 မှာ ကုသမှုခံယူပြီး ပြန်လည်စစ်ဆေးရာ၌ positive ပြန်လည်တွေ့ခဲ့ရသော်လည်း ဆေးရုံ၌ စောင့်ကြည့်ကုသစဉ်ကာလအတွင်း မည်သည့်ရောဂါမှမဖြစ်ပွားဘဲ ပြန်လည်ဆေးရုံဆင်းနိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အတည်ပြုလူနာဟောင်း ရဲအရာရှိကို အသွားအလာကန့်သတ်ထားသည့်နေရာမှနေ၍ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်ကုသပေးသွားမည်ဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~