တာချီလိတ်ခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး နှင့် မိုင်းဖြတ်မီးဘေးအတွက် တာဟွာတရုတ်ဘုံကျောင်းမှ အလှူရှင်များက ထိုင်းဘတ်ငွေ (၅)သိန်းကျော် လှူဒါန်း

တာချီလိတ်ခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး နှင့် မိုင်းဖြတ်မီးဘေးအတွက် တာဟွာတရုတ်ဘုံကျောင်းမှ အလှူရှင်များက ထိုင်းဘတ်ငွေ (၅)သိန်းကျော် လှူဒါန်း
မတ် 28, 2020
By Tachileik News Agency
တာချီလိတ်ခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး နှင့် မိုင်းဖြတ်မီးဘေးအတွက် တာဟွာတရုတ်ဘုံကျောင်းမှ အလှူရှင်များက ထိုင်းဘတ်ငွေ (၅)သိန်းကျော် လှူဒါန်း

တာချီလိတ်ခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်စ်(COVID-19) တားဆီးထိန်းချုပ်ကာကွယ်ရေး နှင့် မိုင်းဖြတ် မီးဘေးအတွက် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ တာဟွာတရုတ်ဘုံကျောင်း(ပါလျှံတရုတ်ဘုံကျောင်း)အဖွဲ့နှင့်အလှူရှင်များက ထိုင်းဘတ်ငွေ (၅)သိန်းကျော်ကို ၂၀၂၀ခုနှစ် မတ်လ(၂၈)ရက်နေ့ နံနက်ပိုင်းက ပေးအပ်လှူဒါန်းကြောင်း သိရသည်။

တာဟွာတရုတ်ဘုံကျောင်းမှ အမှုဆောင်များနှင့်အလှူရှင်များက စုပေါင်းကာ  ကိုရိုနာဗိုင်းရပ်စ်(COVID-19) တားဆီးထိန်းချုပ်ကာကွယ်ရေး အတွက် ထိုင်းဘတ်ငွေ (၄)သိန်း နှင့် မိုင်းဖြတ်မြို့နယ်၊ မက်မွန်ကျယ် (အောက်)ရွာတွင် နေအိမ်(၁၈)လုံး မီးလောင်ဆုံးရှုံးသွားသည့်အတွက် ထိုင်းဘတ်ငွေ (၁၂၄,၃၀၀)ဘတ်ကို လှူဒါန်းခြင်းဖြစ်သည်။

အဆိုပါ အလှူငွေများကို တာဟွာတရုတ်ဘုံကျောင်းမှ တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းတို့က လက်ခံပေးခဲ့ကြသည်။

ထိုင်းဘတ်ငွေ (၅)သိန်းကျော် ကျပ်ငွေအားဖြင့် ကျပ်သိန်း(၂၀၀)ကျော်ရှိကြောင်း သိရသည်။

ယင်းအပြင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်သံသယလူနာများထားရန် ဆောက်လုပ်နေသည့် အခန်းအတွက် အဲယားကွန်း တပ်ဆင်နိုင်ရန် တာဟွာတရုတ်ဘုံကျောင်းအလုပ်အမှု‌ ဥက္ကဌ ဦးစိုင်းဟောင်ခမ်း(လောင်ကျုံးမင်း)မိသားစုက ကျပ်(၅၀၈,၀၀၀)ကိုလည်း လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်စ်(COVID-19) တားဆီးထိန်းချုပ်ကာကွယ်ရေးအတွက် စေတနာရှင်များမှ စုပေါင်းလှူဒါန်းထားသည်မှာ ငွေသားနှင့်ပစ္စည်းတန်ဖိုးမှာ လတ်တလောတွင် ထိုင်းဘတ်ငွေ (၁၀)သိန်းဝန်းကျင်အထိရှိထားပြီး စောင့်ကြည့်သံသယလူနာများကို သီးသန့်ထားရှိနိုင်ရန်အတွက် တာချီလိတ်ဆေးရုံဟောင်းအတွင်း၌ ပြင်ဆင်နေလျက်ရှိပြီး သီးသန့်ခန်းအတွက် အလှူရှင်များ လိုအပ်နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~