ထိုင်းနိုင်ငံတွင် COVID 19 ကာကွယ်ဆေးထိုးပြီးနောက် သေဆုံးသွားသည့် (၆၈)ဦးနှင့်ပတ်သက်၍ စစ်ဆေးမှုများ လာမည့် တစ်ပတ်အတွင်း ပြီးဆုံးဖွယ်ရှိ

ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းစဉ် [ Photo: The Nation  ]
ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းစဉ် [ Photo: The Nation ]
ထိုင်းနိုင်ငံတွင် COVID 19 ကာကွယ်ဆေးထိုးပြီးနောက် သေဆုံးသွားသည့် (၆၈)ဦးနှင့်ပတ်သက်၍ စစ်ဆေးမှုများ လာမည့် တစ်ပတ်အတွင်း ပြီးဆုံးဖွယ်ရှိ

ထိုင်းနိုင်ငံတွင် COVID 19 ကာကွယ်ဆေးထိုးပြီး သေဆုံးသွားသူ ၆၈ ဦးနှင့်ပတ်သက်၍ စစ်ဆေးမှုများ လာမည့်တစ်ပတ်အတွင်း ပြီးဆုံးဖွယ်ရှိ

ထိုင်းနိုင်ငံတွင် COVID 19 ကာကွယ်ဆေးထိုးပြီး သေဆုံးသူ (၆၈)ဦး၏ သေဆုံးရခြင်းအကြောင်းရင်း စစ်ဆေးနေမှုများကို လာမည့်ရက်သတ္တပတ်အတွင်း ပြီးစီးနိုင်ဖွယ်ရှိပြီး လတ်တလော (၁၃) ဦးအား စစ်ဆေးတွေ့ရှိချက်မှာ ကာကွယ်ဆေးနှင့် တိုက်ရိုက်မသက်ဆိုင်ကြောင်း ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက သတင်းထုတ်ပြန်ထားသည်။

အဆိုပါဌာနက ၂၀၂၁ ခုနှစ် ဇွန်လ (၁၇) ရက်နေ့ ထုတ်ပြန်ချက်အရ လတ်တလော စစ်ဆေးပြီးသည့် (၁၃) ဦး၏ သေဆုံးရခြင်းအကြောင်းရင်းမှာ ကာကွယ်ဆေးနှင့် တိုက်ရိုက်ဆက်စပ်ခြင်းမရှိကြောင်း တွေ့ထားရပြီး ကျန် (၅၅) ဦး၏ သေဆုံးရခြင်းအကြောင်းရင်းများကိုလည်း လာမည့် ရက်သတ္တပတ်အတွင်း ထုတ်ပြန်နိုင်ဖွယ်ရှိသည်ဟု ပြောကြားထားသည်။

ထိုင်းနိုင်ငံတွင် ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့မှစ၍ ဇွန်လ (၁၆) ရက်အတွင်း COVID 19 ကာကွယ်ဆေးအကြိမ်ရေ သိန်း (၇၀) ကျော်ထိုးနှံပေးထားသည့်အနက် ထက်ဝက်နီးပါးမှာ တရုတ်နိုင်ငံမှ ဝယ်ယူသည့် Sinovac ကို ထိုးနှံပေးထားခြင်းဖြစ်ကြောင်း သိရသည်။

Sinovac ကာကွယ်ဆေးထိုးနှံပြီး ဘေးထွက်ဆိုးကျိုးခံစားရ၍ ဆေးရုံတက်ရသူ (၉၉၃)ဦးရှိခဲ့ရာ အဆိုပါကာကွယ်ဆေးထိုးအကြိမ် (၁) သိန်းထိုးနှံတိုင်း ဘေးထွက်ဆိုးကျိုးခံစားရသူ (၂၀) ဦးနှုန်း တွေ့ရသည်ဟု ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောကြားသည်။

AstraZeneca ကာကွယ်ဆေး အကြိမ်ရေ (၁၉) သိန်းထိုးနှံခဲ့သည့်အနက် (၄၇၂) ဦး ဆေး၏ဘေးထွက်ဆိုးကျိုး ခံစားရသဖြင့် အဆိုပါကာကွယ်ဆေး အကြိမ်ရေ (၁) သိန်းထိုးနှံတိုင်း ဘေးထွက်ဆိုးကျိုးခံစားရသူ (၂၄) ဦးနှုန်းတွေ့ရသည်ဟု ထုတ်ပြန်သည်။

Soruce: The Nation