သားမက်ဖြစ်သူ၏ ဆန္ဒမဲအမှတ်စဉ်ဖြင့် မဲလာပေးသူအား အရေးယူမည်

သားမက်ဖြစ်သူ၏ ဆန္ဒမဲအမှတ်စဉ်ဖြင့် မဲလာပေးသူအား အရေးယူမည်
နိုဝင်ဘာ 9, 2020
By Tachileik News Agency
သားမက်ဖြစ်သူ၏ ဆန္ဒမဲအမှတ်စဉ်ဖြင့် မဲလာပေးသူအား အရေးယူမည်
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သမန်းတောကျေးရွာအုပ်စု၊ ပုတီးကုန်းကျေးရွာရှိ မဲရုံ  အမှတ် (၂) တွင် အထွေထွေရွေးကောက်ပွဲနေ့ဖြစ်သည့် နိုဝင်ဘာလ (၈) ရက်နေ့ နံနက်ပိုင်းက မဲဆန္ဒရှင် အယောင်ဆောင်၍ မဲပေးခဲ့သည့် အမျိုးသားကို အမှုဖွင့်အရေးယူမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပသည့် နိုဝင်ဘာလ (၈) နံနက် (၈)နာရီခွဲအချိန်တွင် ဦးဇော်ထွန်းဆိုသူက သားမက်ဖြစ်သူ၏ မဲစာရင်းအမှတ်စဉ်ဖြင့် ဆန္ဒမဲလာပေးနေသည်ကို မဲရုံမှူး ဦးကြည်ထွန်းနှင့် မဲရုံတာဝန်ရှိသူများက စစ်ဆေးတွေ့ရှိသဖြင့် မဲဆက်လက်မပေးရန် တားမြစ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
မဲဆန္ဒရှင်အယောင်ဆောင်သည့် ဦးဇော်ထွန်းအား သက်ဆိုင်ရာ ရဲစခန်း၌ အမှုဖွင့်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း-ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~