တာချီလိတ်တွင် လမ်းကျော်တက်သည့် ကားက ဆိုင်ကယ်ကို တိုက်မိကာ မောင်းပြေး

တာချီလိတ်တွင် လမ်းကျော်တက်သည့် ကားက ဆိုင်ကယ်ကို တိုက်မိကာ မောင်းပြေး
ဒီဇင်ဘာ 23, 2019
By Tachileik News Agency

တာချီလိတ်တွင် လမ်းကျော်တက်သည့် ကားက ဆိုင်ကယ်ကို 
တိုက်မိကာ မောင်းပြေး

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်နှစ်ခုအကြားဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်မှာ အရှိန်နဲ့ ကျော်တက်လာတဲ့ ကားတစ်စီးဟာ လမ်းမှန်ကနေ မောင်းလာတဲ့ ဆိုင်ကယ်ကို အရှိန်ပြင်းစွာ တိုက်မိပြီး မောင်းပြေးသွားတဲ့ ဖြစ်စဉ် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၂၂)ရက်နေ့ ည(၁၁)နာဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ပါတယ်။

တိုက်ခံလိုက်ရတဲ့ ဆိုင်ကယ်မောင်းသူဟာ အသက်(၃၆)နှစ်အရွယ် ကိုဌေးစံ ဆိုသူဖြစ်ပြီး သူဟာ ဆိုင်ကယ် taxi မောင်းသူဖြစ်ကြောင်း နဲ့ ဘယ်ဖက်လက်သူကြွယ်တစ်ချောင်း ပြတ်ထွက်သွားပြီး အောက်ပိုင်းအတွင်းဒဏ်ရာလည်းရှိခဲ့ပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး မောင်းပြေးသွားတဲ့ ကားကို ယာဉ်ထိန်းရဲတပ်ဖွဲ့က စုံစမ်းမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~