က်ိဳင္းတံုဘက္သို႔ စိတ္ၾကြေဆးျပား (၈၀၀၀) သယ္လာသည့္အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးရမိ

က်ိဳင္းတံုဘက္သို႔ စိတ္ၾကြေဆးျပား (၈၀၀၀) သယ္လာသည့္အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးရမိ
ဧပြီ 28, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕နယ္ ေတာင္ႀကီး - က်ိဳင္းတံုလမ္းတြင္ ရဲတပ္ဖြဲ႕က ေရွာင္တခင္ပိတ္ဆို႔ စစ္ေဆးမႈအတြင္း ဆိုင္ကယ္ေမာင္းႏွင္လာသည့္အမ်ိဳးသားတစ္ဦးကို စိတ္ၾကြေဆးျပား (၈၀၀၀)ႏွင့္အတူ ၂၀၁၉ ခုနွစ္၊ ဧၿပီလ (၂၇)ရက္ေန႔ ည (၉)နာရီအခ်ိန္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕နယ္၊ ပန္ၾကဴေက်းရြာအနီး မိုင္တုိင္အမွတ္ (၆၁၂ ႏွင့္ ၆၁၃) ကီလိုမီတာၾကားတြင္ ေတာင္ႀကီး - က်ိဳင္းတံုသြားကားလမ္းတြင္ မူးယစ္တပ္ဖြဲ႕စု(၂၈)က်ိဳင္းတံုမွ တပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားပါဝင္သည့္အဖြဲ႕ႏွင့္အတူ ေရွာင္တခင္ပိတ္ဆို႔စစ္ေဆးရာ ပန္မတ္ေက်းရြာဘက္မွ က်ိဳင္းတံုဘက္သို႔ ဆုိင္ကယ္ေမာင္းႏွင္လာသည့္ ရာေသးကို စစ္ေဆးရာမွ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ေတြ႔ရသည့္ အသက္ (၄၁)ႏွစ္အရြယ္ ရာေသးကို ဖမ္းဆီးကာ ၎စီးနင္းလာသည့္ Honda Wave 110 ဆုိင္ကယ္ကိုလည္း သိမ္းဆည္းလုိက္ေၾကာင္း သိရသည္။
ရာေသးကို က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၀၄/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျိုင်းတုံဘက်သို့ စိတ်ကြွဆေးပြား (၈၀၀၀) သယ်လာသည့်အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိ
*************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ် တောင်ကြီး - ကျိုင်းတုံလမ်းတွင် ရဲတပ်ဖွဲ့က ရှောင်တခင်ပိတ်ဆို့ စစ်ဆေးမှုအတွင်း ဆိုင်ကယ်မောင်းနှင်လာသည့်အမျိုးသားတစ်ဦးကို စိတ်ကြွဆေးပြား (၈၀၀၀)နှင့်အတူ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၇)ရက်နေ့ ည (၉)နာရီအချိန်က ဖမ်းဆီးရမိကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်၊ ပန်ကြူကျေးရွာအနီး မိုင်တိုင်အမှတ် (၆၁၂ နှင့် ၆၁၃) ကီလိုမီတာကြားတွင် တောင်ကြီး - ကျိုင်းတုံသွားကားလမ်းတွင် မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များသည် သက်သေများပါဝင်သည့်အဖွဲ့နှင့်အတူ ရှောင်တခင်ပိတ်ဆို့စစ်ဆေးရာ ပန်မတ်ကျေးရွာဘက်မှ ကျိုင်းတုံဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် ရာသေးကို စစ်ဆေးရာမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ တွေ့ရသည့် အသက် (၄၁)နှစ်အရွယ် ရာသေးကို ဖမ်းဆီးကာ ၎င်းစီးနင်းလာသည့် Honda Wave 110 ဆိုင်ကယ်ကိုလည်း သိမ်းဆည်းလိုက်ကြောင်း သိရသည်။
ရာသေးကို ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၁၀၄/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net