မန္တလေး မဟာအောင်မြေမြို့နယ်အတွင်း နေအိမ်အများအပြား မီးလောင်ဆုံးရှုံး

Photo: Than Htay
Photo: Than Htay
 မန္တလေး မဟာအောင်မြေမြို့နယ်အတွင်း နေအိမ်အများအပြား မီးလောင်ဆုံးရှုံး

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်   ၇၄x၇၅ လမ်းနှင့် ၃၇x၃၈ လမ်းကြားတွင် ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့ နံနက်(၇)နာရီ မိနစ်(၅၀)ဝန်းကျင်အချိန်က မီးလောင်မှု ဖြစ်ပွားပြီး နေအိမ်အများအပြား မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ကနဦးတွင် Level 1 ယာဉ်အုပ်စုများ ထွက်ခွာ ငြှိမ်းသတ်ခဲ့ရပြီးနောက် (၈)နာရီအချိန်တွင် Level 2 ယာဉ်အုပ်စု ထပ်မံထွက်ခွာ ငြှိမ်းသတ်ရကြောင်း သိရသည်။

နံနက်(၈)နာရီ (၁၀)မိနစ်တွင် မီးထိန်းနိုင်ပြီး (၈)နာရီ (၁၈)မိနစ်တွင် မီးငြိမ်းသွားကြောင်း နှင့် မီးလောင်သည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။