တာချီလိတ်မြို့တွင် လူငယ်တစ်ဦး ဓါးဖြင့် ခုတ်ခံရ

တာချီလိတ်မြို့တွင် လူငယ်တစ်ဦး ဓါးဖြင့် ခုတ်ခံရ

 တာချီလိတ်မြို့ပေါ် ဆန်ဆိုင်း(၅)လမ်းအတွင်း၌ လူငယ်တစ်ဦး ဓါးဖြင့် ခုတ်ခံရကြောင်း သိရသည်။

၂၀၂၃ခုနှစ် ဇန်ဝါရီလ(၇)ရက်နေ့ နံနက်(၄)နာရီခွဲဝန်းကျင်အချိန်က ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း ဆန်ဆိုင်း(၅)လမ်းတွင်   ကိုကျမူးသည် ဓါးဒဏ်ရာများဖြင့် လဲနေခြင်းဖြစ်ကြောင်း သိရသည်။

ဓါးဖြင့် ခုတ်ခံရမှုကြောင့် ကိုကျမူးသည် ဦးခေါင်း နှင့် လက်တို့တွက် ဓါးဒဏ်ရာများရရှိသည့်အတွက် ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း တာချီလိတ်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

မည်သည့် အကြောင်းကြောင့် ဖြစ်သွားသည်ကို မသိရသေးသော်လည်း ဓါးဖြင့် ခုတ်ခံရသည့် အချိန်သည် KTV နှင့် ကလပ်တို့ကနေ ပြန်ချိန်ဖြစ်၍ ထိုနေရာများကနေတဆင့် ရန်ဖြစ်လာသည်လား သို့မဟုတ် လမ်းတွင် အမည်မသိသူများက ဓါးဖြင့် ခုတ်သည်လားဆိုသည်ကိုတော့ စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။