ကယားပြည်နယ် လွိုင်ကော်မြို့တွင် နိုဝင်ဘာလ(၁၂)ရက်နေ့၌ အမျိုးသမီးတစ်ဦးထံက Coivd-19 ပိုးတွေ့

ကယားပြည်နယ် လွိုင်ကော်မြို့တွင် နိုဝင်ဘာလ(၁၂)ရက်နေ့၌ အမျိုးသမီးတစ်ဦးထံက Coivd-19 ပိုးတွေ့
နိုဝင်ဘာ 12, 2020
By Tachileik News Agency
 
ကယားပြည်နယ် လွိုင်ကော်မြို့တွင် နိုဝင်ဘာလ(၁၂)ရက်နေ့၌ အမျိုးသမီးတစ်ဦးထံက Coivd-19 ပိုးတွေ့
ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပညာရေးကောလိပ်တွင် ရန်ကုန်မှ ပြန်လာ၍ အသွားလာကန့်သက်ထားသည့် အမျိုးသမီးတစ်ဦးတွင်  Covid-19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၂)ရက်နေ့၌ ဓာတ်ခွဲအဖြေရသည်။ 
"အခုမှ ဆေးရုံပို့တာ။ အကုန်လုံးတော့ မသိရသေးဘူး။ အသက်က ( ၁၇) နှစ် အမျိုးသမီး ရန်ကုန်ကနေ ပြန်လာတာပါ။ ဟု ကယားပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က မီဒီယာများအား ပြောသည်။ 
ပိုးတွေ့ရှိခဲ့သော အတည်ပြုလူနာ အသက် (၁၇) နှစ်အရွယ် အမျိုးသမီးမှာ ရန်ကုန်မှ ပြန်လာ၍ လွိုင်ကော်မြို့ ပညာရေးကောလိပ်တွင် အသွားအလာကန့်သက်ထားသူဖြစ်ပြီး လက်ရှိတွင် လွိုင်ကော်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။ 
ကယားပြည်နယ်တွင် Covid-19 အတည်ပြုလူနာ (၁၁) ဦးရှိလာပြီဖြစ်ပြီး (၉) ဦးမှာ ပိုးကင်းစင်၍ ဆေးရုံဆင်းသွားပြီဖြစ်ရာ ယခုထပ်တိုးလူနာတစ်ဦးအပါအဝင် ကုသမှုခံယူဆဲလူနာ (၂)ဦးသာ ကျန်ရှိမည်ဖြစ်ပြီး ဒီးမော့ဆိုမြို့ ပြည်သူ့ဆေးရုံနှင့် လွိုင်ကော်မြို့ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~