တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၄)ရက်နေ့ တစ်နေ့တာအတွင်း Covid-19 အတည်ပြုလူနာ (၁၁)ဦးမြောက်အဖြစ် (၁)ဦးထပ်တိုး

တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၄)ရက်နေ့ တစ်နေ့တာအတွင်း Covid-19 အတည်ပြုလူနာ (၁၁)ဦးမြောက်အဖြစ် (၁)ဦးထပ်တိုး
ဒီဇင်ဘာ 4, 2020
By Tachileik News Agency

 

တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၄)ရက်နေ့ တစ်နေ့တာအတွင်း Covid-19 အတည်ပြုလူနာ (၁၁)ဦးမြောက်အဖြစ် (၁)ဦးထပ်တိုး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့ ညနေပိုင်း၌  (၁၁)ဦးမြောက် အတည်ပြုလူနာအဖြစ် (၁၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း သိရသည်။
ထပ်တိုးတွေ့ရသည့် အတည်ပြုလူနာမှာ ဝမ်ကျောက်လုံငါးကန် (sky view)စားသောက်ဆိုင်မှ ဖြစ်ကြောင်း သိရသည်။ 
တာချီလိတ်မြို့တွင် တစ်နေ့တာ စစ်ဆေးမှုအတွင်း အမျိုးသား (၅) ဦးနှင့် အမျိုးသမီး (၆)ဦးတို့တွင် COVID 19 ပိုးတွေ့ရပြီး အမျိုးသမီးအတည်ပြုလူနာများတွင် အသက် (၉)နှစ်အရွယ် ကလေးတစ်ဦးလည်း ပါဝင်သည်။
အတည်ပြုလူနာ (၁၁) ဦးထပ်တိုးလာသဖြင့် ဒီဇင်ဘာလ (၄)ရက်နေ့ ညနေအထိ တာချီလိတ်မြို့တွင် အတည်ပြုလူနာ (၆၆) ဦးအထိ တိုးလာပြီဖြစ်ပြီး တစ်ဦးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~