တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၆)ရက်နေ့ နေ့လည်(၁၂)နာရီအထိ တွေ့ရှိရသည့် Covid-19 အတည်ပြုလူနာ (၆)ဦး

တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၆)ရက်နေ့ နေ့လည်(၁၂)နာရီအထိ တွေ့ရှိရသည့် Covid-19 အတည်ပြုလူနာ (၆)ဦး
ဒီဇင်ဘာ 6, 2020
By Tachileik News Agency
 

တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၆)ရက်နေ့ နေ့လည်(၁၂)နာရီအထိ တွေ့ရှိရသည့် Covid-19 အတည်ပြုလူနာ ( ၆ ) ဦး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း  Fever Clinic တွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့ နေ့လည်(၁၂)နာရီအထိ လာရောက်စစ်ဆေးမှု ခံယူသူ (၃၀)ဦးရှိရာတွင် (၄)ဦး၌ Covid-19 ပိုးတွေ့ရှိသည်။
အသစ်တိုးတွေ့ရှိသည့် အတည်ပြုလူနာများမှာ အမျိုးသမီး(၄)ဦးဖြစ်ပြီး ၎င်းတို့သည် ဆန်ဆိုင်း(က)ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် ဝိန်းကျောက်ရပ်ကွက်တို့မှ ဖြစ်သည်။
ယင်းအပြင် တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ ဝမ်ဟောင်နယ်မြေအတွင်း အသွားအလာကန့်သတ်ထားသည့်နေအိမ်မှ သားအမိ(၂)ဦးတွင်   ပိုးတွေ့ရှိရ၍ နေ့တစ်ပိုင်းအတွင်း စုစုပေါင်း အတည်ပြုလူနာ (၆)ဦးအထိ တွေ့ရှိထားခြင်း ဖြစ်သည်။ 
တာချီလိတ်မြို့တွင် နိုဝင်ဘာလ (၂၂) ရက်နေ့မှ ဒီဇင်ဘာ (၆) ရက်နေ့ နေ့လယ် (၁၂) နာရီအထိ COVID-19 အတည်ပြုလူနာ (၇၃) ဦးအထိတွေ့လာပြီဖြစ်ပြီး ဒီဇင်ဘာလ (၅) ရက်နေ့အထိ (၃) ဦးမှာ ဆေးရုံမှဆင်းခွင့်ရရှိသွားပြီဖြစ်၍ ကျန်အတည်ပြုလူနာ(၇၀) ဦးကို ကုသဆောင်များ၌ ပို့ဆောင်ထားပြီဖြစ်သည်။

 Tachileik News Agency

 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~