နိုင်ငံအတွင်း စက်တင်ဘာလ(၃)ရက်နေ့က စ၍ (၈)ရက်အတွင်း Covid-19 ကြောင့် (၈)ဦး သေဆုံး

နိုင်ငံအတွင်း စက်တင်ဘာလ(၃)ရက်နေ့က စ၍ (၈)ရက်အတွင်း Covid-19 ကြောင့် (၈)ဦး သေဆုံး
စက်တင်ဘာ 10, 2020
By Tachileik News Agency
နိုင်ငံအတွင်း စက်တင်ဘာလ(၃)ရက်နေ့က စ၍ (၈)ရက်အတွင်း Covid-19 ကြောင့် (၈)ဦး သေဆုံး 
နိုင်ငံအတွင်း Covid-19 ဒုတိယအကြိမ် ပြည်တွင်းကူးစက်မှု၌ ၂၀၂၀ခုနှစ် စက်တင်ဘာလ(၃)ရက်နေ့က စ၍ စက်တင်ဘာလ(၁၀)ရက်နေ့အထိ (၈)ရက်အတွင်း သေဆုံးသူ (၈)ဦးအထိ ရှိလာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ နံနက်(၈)နာရီက သတင်းထုတ်ပြန်ထားရှိသည်။

(၈)ရက်အတွင်း သေဆုံးသူ (၈)ဦးသည် အသက် (၄၅)နှစ်မှ အသက်(၈၂)နှစ်အရွယ်အထိ ပါဝင်သည်။

ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ကုသမှု ခံယူနေသည့် အတည်ပြုလူနာ ( Case - 1023 )သည် အရေပြားလေးဖက်နာရောဂါ အခံရှိသူဖြစ်ပြီး နောက်ဆုံးအဆင့်တွင် ကျောက်ကပ်ပျက်စီးကာ ရုတ်တရက် နှလုံးစည်းချက် မမှန်ဖြစ်ပြီး နှလုံးအမောဖောက်ကာ စက်တင်ဘာလ(၃)ရက်နေ့ ည(၁၀)နာရီခွဲအချိန်တွင် သေဆုံးသွားခြင်း ဖြစ်သည်။

သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် ကုသမှုခံယူနေသည့် အသက် (၆၇)နှစ်အရွယ် အတည်ပြုလူနာ (Case – 1236)  ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးကာ နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းနှင့် ဆီးချိုရောဂါအခံရှိသူဖြစ်ပြီး စက်တင်ဘာလ(၅)ရက်နေ့ ညနေ(၂)နာရီ (၅၅)မိနစ်အချိန်တွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။ 
သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေသည့်  အသက်(၅၇)နှစ်အရွယ် အတည်ပြုလူနာ (Case – 1692)သည်လည်း  ဆီးချို၊ သွေးတိုးရောဂါအခံရှိသူဖြစ်ပြီး ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးကာ စက်တင်ဘာလ(၇)ရက်နေ့ ညနေ(၄)နာရီ (၅)မိနစ်အချိန်က သေဆုံးသွားခဲ့ကြောင်း သိရသည်။ 
မော်လမြိုင် ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေသည့် အသက် (၆၅)နှစ် အရွယ် ဆီးချို၊ သွေးတိုးရောဂါအခံရှိသူ  အတည်ပြုလူနာ (Case – 1629)သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် အသက်ရှူလမ်းကြောင်း ရုတ်တရက်ပျက်စီးကာ စက်တင်ဘာလ(၇)ရက်နေ့ နေ့လည်(၁၂)နာရီခွဲအချိန်က သေဆုံးသွားခဲ့ကြောင်း နှင့် COVID-19 ကုသရေးဌာန (ဖောင်ကြီး)တွင်  ကုသမှုခံယူနေသည့်  အသက် (၈၂) နှစ်အရွယ်ရှိ ဆီးချို၊ သွေးတိုးရောဂါ အခံရှိသူ  အတည်ပြုလူနာ (Case – 1485)သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် အသက်ရှူလမ်းကြောင်းရုတ်တရက် ပျက်စီးကာ စက်တင်ဘာလ(၈)ရက်နေ့  ညနေ(၃)နာရီ(၁၀)မိနစ်က သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလ(၉)ရက်နေ့ နံနက်(၃)နာရီခွဲအချိန်က သေဆုံးသွားသူ ဓာတ်ခွဲအတည်ပြုလူနာ (Case – 885) သည်လည်း ရုတ်တရက်နှလုံးရပ်ကာ  ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်း ပျက်စီးပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
COVID-19 ကုသရေးဌာန (ဖောင်ကြီး)တွင်  ကုသမှုခံယူနေကြသည့်  အသက် (၅၅) နှစ် အတည်ပြုလူနာ(Case – 1590)သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်းပျက်စီးကာ  ရုတ်တရက်နှလုံးရပ်ခြင်းကြောင့် စက်တင်ဘာလ(၉)ရက်နေ့ ည(၁၁)နာရီ (၄၅)မိနစ်အချိန်က လည်းကောင်း၊အသက် (၄၅) နှစ်အရွယ်ရှိ အတည်ပြုလူနာ (Case – 1491)သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးကာ နှလုံးကြွက်သားရောင်ရမ်းခြင်းကြောင့် စက်တင်ဘာလ (၁၀)ရက်နေ့ နံနက်(၂)နာရီ မိနစ်(၅၀)အချိန်က လည်းကောင်း သေဆုံးသွားကြောင်း သိရသည်။ 
နိုင်ငံအတွင်း ၂၀၂၀ခုနှစ် စက်တင်ဘာလ(၃)ရက်နေ့က စ၍ စက်တင်ဘာလ(၁၀)ရက်နေ့အထိ (၈)ရက်အတွင်း သေဆုံးသူ (၈)ဦး အပါအဝင် နိုင်ငံအတွင်း၌ Covid-19 ကြောင့် သေဆုံးသူ စုစုပေါင်း (၁၄)ဦးအထိ ရှိလာနေပြီ ဖြစ်သည်။

နိုင်ငံအတွင်း၌ Covid-19 ပိုးတွေ့ရှိသူ ပထမဆုံး လူနာကို ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့က စတင်တွေ့ရှိခဲ့ပြီးနောက် စက်တင်ဘာလ(၁၀)ရက်နေ့ နံနက်(၈)နာရီအထိ အတည်ပြုလူနာ စုစုပေါင်း (၂၀၀၉)ဦးအထိရှိလာသော်လည်း သက်သာပျောက်ကင်း ဆေးရုံဆင်းခွင့်ရသူမှာ (၅၅၃)ဦးအထိ ရှိသည်။

မြန်မာနိုင်ငံတွင် Covid-19 ဓါတ်ခွဲနမူနာပေါင်း (၁၇၉,၄၇၁)ခုကို စစ်ဆေးခဲ့ပြီးဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~