မိုင်းယောင်းမြို့နယ်အတွင်း Covid-19 အတည်ပြုလူနာ (၁၀)ဦးမြောက်အဖြစ် (၁)ဦး ထပ်တိုး

မိုင်းယောင်းမြို့နယ်အတွင်း Covid-19 အတည်ပြုလူနာ (၁၀)ဦးမြောက်အဖြစ် (၁)ဦး ထပ်တိုး
ဒီဇင်ဘာ 18, 2020
By Tachileik News Agency
 

မိုင်းယောင်းမြို့နယ်အတွင်း Covid-19 အတည်ပြုလူနာ (၁၀)ဦးမြောက်အဖြစ် (၁)ဦး ထပ်တိုး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် အတည်ပြုလူနာနှင့် ထိတွေ့၍ အသွားအလာကန့်သတ်ထားသည့် အမျိုးသမီး (၁) ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့ ဓာတ်ခွဲအဖြေအရ သိရသည်။
မိုင်းယောင်းမြို့နယ်တွင် ဒီဇင်ဘာ (၄) ရက်နေ့မှစ၍ Covid-19 အတည်ပြုလူနာစတင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ (၁၈) ရက်နေ့အထိ အတည်ပြုလူနာ (၁၀) ဦးရှိလာပြီ ဖြစ်သည်။
အတည်ပြုလူနာ (၁၀)ဦးအနက် ဒီဇင်ဘာလ (၁၈)ရက်နေ့အထိ ဆေးရုံဆင်းလူနာမှာ (၇)ဦးရှိပြီဖြစ်၍ ကုသမှုခံယူဆဲ (၃)ဦး ကျန်ရှိသည်။
 
မိုင်းယောင်းမြို့နယ်တွင် Covid-19 အတည်ပြုလူနာများကို ဝမ်ဇလီလော်ကျေးရွာ၊ မြို့နယ်ဝန်ထမ်းအိမ်ရာ လေးထပ်တိုက်၌ ဖွင့်ထားသည့် ကုသဆောင်၌ ထားရှိခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~