ဘယ်လ်ဂျီယံ တိရစ္ဆာန်ရုံမှ ရေမြင်းနှစ်ကောင် COVID 19 ကူးစက်ခံရ

ဘယ်လ်ဂျီယံ တိရစ္ဆာန်ရုံမှ ရေမြင်းနှစ်ကောင် COVID 19 ကူးစက်ခံရ

ဘယ်လ်ဂျီယံနိုင်ငံ Antwerpen တိရစ္ဆာန်ရုံရှိ ရေမြင်း (၂)ကောင်တွင် COVID 19 ကူးစက်ခံထားရကြောင်း Antwerpen တိရစ္ဆာန်ရုံက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၃) ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

အသက် (၁၄)နှစ်အရွယ် အိုင်မန်နီနှင့် အသက် (၄၁)နှစ်အရွယ် ဟာမန်နီ ရေမြင်းနှစ်ကောင်တွင်  COVID 19 ပိုးတွေ့ရပြီး နှာရည်ယိုသည့် လက္ခဏာမှလွဲ၍ အခြေအနေကောင်းမွန်နေသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။  

လက်ရှိတွင် အဆိုပါတိရစ္ဆာန်ရုံအတွင်း ရေမြင်းထားရှိရာနေရာကို ချက်ချင်းကန့်သတ်လိုက်ပြီး ကူးစက်ရခြင်းအကြောင်းရင်းကိုရှာဖွေကာ ဘေးကင်းရေးအတွက် အစီအစဉ်များထပ်မံလုပ်ဆောင်မည်ဟု တိရစ္ဆာန်ရုံက သတင်းထုတ်ပြန်ထားသည်။

အိုင်မန်နီနှင့် ဟာမန်နီရေမြင်းနှစ်ကောင်ကို ထိန်းသိမ်းပေးနေသည့် တိရစ္ဆာန်ရုံဝန်ထမ်းများမှာ COVID 19 ကူးစက်ခံထားရခြင်းမရှိကြောင်း သိရသည်။

ရေမြင်းများတွင် COVID 19 ကူးစက်သည်ကို ယခုတစ်ကြိမ် ပထမဆုံးတွေ့ရှိရခြင်းဖြစ်မည်ဟု ယူဆကြောင်း တိရစ္ဆာန်ဆရာဝန်ကဆိုထားသည်။