တာချီလိတ်မြို့တွင် တစ်နေ့တည်း (၆)ဦးမြောက်အဖြစ် အမျိုးသားတစ်ဦးတွင် Covid-19 ပိုးတွေ့

တာချီလိတ်မြို့တွင် တစ်နေ့တည်း (၆)ဦးမြောက်အဖြစ် အမျိုးသားတစ်ဦးတွင် Covid-19 ပိုးတွေ့
နိုဝင်ဘာ 27, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် တစ်နေ့တည်း (၆)ဦးမြောက်အဖြစ် အမျိုးသားတစ်ဦးတွင် Covid-19 ပိုးတွေ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့ တစ်နေ့အတွင်း (၆) ယောက်မြောက် အတည်ပြုလူနာအဖြစ် အမျိုးသား (၁) ဦးကို ည (၈)နာရီကျော်၌ ထပ်မံစစ်ဆေးတွေ့ရသည်။
“ဒီနေ့ ထပ်တွေ့တဲ့ အတည်ပြုလူနာနဲ့ ထိတွေ့ကို ရှာပြီး စစ်လိုက်တာ။ positive တစ်ယောက်တွေ့တယ်။ သူ့အိမ်မှာတော့ မိသားစု (၆) ယောက်ရှိတယ်ပြောတယ်။ အိမ်မှာပဲ quarantine ထားပြီး စစ်ပေးမယ်။ အိမ်ကို lock down လုပ်မယ်။”ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားမှာ ယနေ့ တွေ့ရသည့် (၅)ယောက်မြောက် အတည်ပြုလူနာနှင့် ထိတွေ့သူဖြစ်၍ RDT ဖြင့် စစ်ဆေးရာမှ positive အဖြစ် တွေ့ရခြင်းဖြစ်သည်။
တာချီလိတ်တွင် တစ်နေ့အတွင်း အတည်ပြုလူနာ (၆)ဦးတွေ့ရသဖြင့် ဆေးရုံ၌ ကုသပေးနေသည့်လူနာ စုစုပေါင်း (၉) ဦးရှိပြီ ဖြစ်ပြီး အသွားအလာကန့်သတ်ထားသည့် ထိတွေ့သူ (၃၄) ယောက်ရှိနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~