တာချီလိတ်လူငယ်များက စစ်ကျွန်းပညာရေးတွင် ကျောင်မအပ်ကြရေး နှင့် Covid-19 ကာကွယ်ရေး  Hand Gel ပေးဝေမှုများ လုပ်ဆောင်

တာချီလိတ်လူငယ်များက စစ်ကျွန်းပညာရေးတွင် ကျောင်မအပ်ကြရေး နှင့် Covid-19 ကာကွယ်ရေး  Hand Gel ပေးဝေမှုများ လုပ်ဆောင်

ပြည်သူ့အစိုးရမဟုတ်ဘဲ စစ်တပ်ကအာဏာသိမ်းထားသည့်အတွက်ကြောင့် စစ်ကျွန်ပညာရေးတွင်  ကျောင်းမအပ်ရေး လုပ်ဆောင်မှု နှင့် Covid-19 ကာကွယ်ရေးအတွက် Hand Gel များပေးဝေမှုများကို တာချီလိတ်မြို့တွင် စစ်အာဏာရှင်ကို မလိုလားသည့် လူငယ်များက တာချီလိတ်မြို့ရှိ ဈေးများတွင် ယနေ့ မေလ(၁)ရက်နေ့၌ လုပ်ဆောင်ခဲ့ကြသည်။

မြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေးကာလအတွင်း အာဏာသိမ်းစစ်ကောင်စီအဖွဲ့၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် ကလေးငယ်များ၏ ပုံများပါရှိသည့် စာရွက်များပေါ်တွင် တာချီလိတ်လူငယ်များက  "ကျောင်းအပ်မယ်ဆိုရင် ဒီကလေးတွေကို မမေ့နဲ့"ဆိုသည့် စာသားများ ရေးထားကာ ဈေးသည်များနှင့်ဈေးဝယ်သူများကို လိုက်လံဝေပေးရင်း ထိုင်းနိုင်ငံဘက်တွင် Covid-19 ပြန့်နှံ့နေသည့်အတွက် တာချီလိတ်မြို့တွင်လည်း ကြိုတင်ကာကွယ်နိုင်ရန် လက်ဆေး Hand Gel များကိုပါ ပေးဝေခြင်း ဖြစ်ကြောင်း သိရသည်။



အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်လက်နက်ကိုင်များက ရပ်ကွက်များနှင့် နေအိမ်များအတွင်း လိုက်လံပစ်ခတ်မှုများမှ တဆင့် ကျောင်းနေအရွယ်ကလေးငယ်များကိုပါ ပစ်ခတ်သတ်ဖြတ်မှုများ လုပ်ဆောင်နေရာ အသက်အငယ်ဆုံးအဖြစ် အသက်(၇)နှစ်အရွယ် မိန်းကလေးငယ်ကို ၂၀၂၁ခုနှစ် မတ်လ(၂၃)ရက်နေ့က သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပြီး အသက်မပြည့်သေးသည့် ကလေးငယ်များ သေဆုံးမှာသည် အနည်းဆုံး(၁၀)ဦးအထက်ရှိနေသည်။

တာချီလိတ်မြို့တွင် စစ်အာဏာရှင်ကို မလိုလားသည့် လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်မှုများကို ရသည့်နည်းဖြင့် လုပ်ဆောင်နေကြသည်။