တာချီလိတ်မြို့ရှိ ဈေးများအားလုံး ပိတ်ထားသည့် ကာလအတွင်း မော်တော်ကားဖြင့် လှည့်လည်ရောင်းချလိုသူများအနေဖြင့် စည်ပင်ရုံးတွင် လာရောက် လျှောက်ထားနိုင်

တာချီလိတ်မြို့ရှိ ဈေးများအားလုံး ပိတ်ထားသည့် ကာလအတွင်း မော်တော်ကားဖြင့် လှည့်လည်ရောင်းချလိုသူများအနေဖြင့် စည်ပင်ရုံးတွင် လာရောက် လျှောက်ထားနိုင်
ဧပြီ 15, 2020
By Tachileik News Agency
တာချီလိတ်မြို့ရှိ ဈေးများအားလုံး ပိတ်ထားသည့် ကာလအတွင်း မော်တော်ကားဖြင့် လှည့်လည်ရောင်းချလိုသူများအနေဖြင့် စည်ပင်ရုံးတွင် လာရောက် လျှောက်ထားနိုင် 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 ကာကွယ်ရေးအတွက် လူစုလူဝေးရှောင်နိုင်ရန် ဈေးအားလုံးကို ဧပြီလ(၁၅)ရက်နေ့ကစ၍   ပိတ်ထားစဉ်အတွင်း ရပ်ကွက်များ အလိုက် ကားများဖြင့် အသားငါး၊ ဟင်းသီးဟင်းရွက် ရောင်းချခွင့်ပြုမည်ဖြစ်၍ စည်ပင်သာယာရေးဌာနထံ လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။

သူတို့အနေနဲ့ ကျွန်တော်တို့ဆီမှာ ခွင့်ပြုချက်လာယူမှ ခွင့်ပြုချက်စာရယ်၊ ဗီနိုင်းရယ် ထုတ်ပေးမှာပါ။ သူတို့ လာလျှောက်ရင် ရောင်းချမယ့် ဧရိယာသတ်မှတ်ပေးမယ်။ ဈေးပိတ်ထားတော့ လူတွေ မြို့ထဲမှာ လျှောက်ပတ်ပြီး ဈေးဝယ်တာမျိုး မဖြစ်အောင် ဈေးလှည့်ရောင်းတဲ့ အစီအစဉ်ကို စီစဉ်ပေးတာပါ

ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့  ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့တွင် ပြောသည်။

မော်တော်ကားဖြင့် အသား/ငါး၊ ဟင်းသီးဟင်းရွက် လှည့်လည်ရောင်းချလိုသူများအနေဖြင့် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနရုံးတွင် လာရောက်စာရင်းပေးသွင်းနိုင်ပြီး ခွင့်ပြုချက်လက်မှတ် ရယူကြရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းချသည့် မော်တော်ယာဉ်များ အနေဖြင့် နံနက် (၅)နာရီမှ ညနေ (၅)နာရီအတွင်း ရပ်ကွက်များ၌ လှည့်လည်ရောင်းချခွင့်ရကြမည်ဖြစ်ကြောင်း နှင့် သုံးဘီဆိုင်ကယ်၊ ရိုးရိုးဆိုင်ကယ်ဖြင့် ရောင်းချခြင်းကို ခွင့်ပြုမည်မဟုတ်ဘဲ မော်တော်ကားဖြင့် ရောင်းချခြင်းကိုသာ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် မလိုအပ်ဘဲ အပြင်ထွက်သွားလာခြင်း မပြုရန်အတွက် နေ့စဉ် စိစစ်တားမြစ်မှုများ ပြုလုပ်သွားမည်ဖြစ်ရာ ဈေးကားရောင်းလိုသူများအနေဖြင့် စည်ပင်သာယာဌာန၏ ခွင့်ပြုချက်ဗီနိုင်းပါဝင်မှသာ သွားလာခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~