တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်အတွင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၃)တွင် USDP ပါတီက NLD ကို မဲ (၂၀၀)ကျော်ဖြင့် အနိုင်ရ

တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်အတွင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၃)တွင် USDP ပါတီက NLD ကို မဲ (၂၀၀)ကျော်ဖြင့် အနိုင်ရ
နိုဝင်ဘာ 10, 2020
By Tachileik News Agency
တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်အတွင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၃)တွင် USDP ပါတီက NLD ကို မဲ (၂၀၀)ကျော်ဖြင့် အနိုင်ရ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၃)တွင် USDP ပါတီမှ ကိုယ်စားလှယ်လောင်းက NLD ကိုယ်စားလှယ်လောင်းအား ဆန္ဒမဲ (၂၆၄)မဲဖြင့် အနိုင်ရသွားကြောင်း သိရသည်။
NLD ပါတီမှ ကိုယ်စားလှယ်လောင်းမှာ တာချီလိတ်မြို့နယ် မဲဆန္ဒနယ်မှ (၃၉,၉၁၂)မဲ၊ မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ်မှ ( ၄,၅၁၄) မဲ၊ မိုင်းယောင်းမြို့နယ် မဲဆန္ဒနယ်မှ (၉၈၆၄)မဲ၊ မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်မှ (၆,၀၅၇)မဲနှင့် မိုင်းတုံမြို့နယ် မဲဆန္ဒနယ်မှ (၂,၉၅၅) မဲ စုစုပေါင်း ဆန္ဒမဲ (၆၃,၃၀၂) မဲရရှိထားပြီး USDP ပါတီမှ ကိုယ်စားလှယ်လောင်းမှာ တာချီလိတ်မြို့နယ် မဲဆန္ဒနယ်မှ (၁၃,၉၁၁)မဲ၊ မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ်မှ (၅,၆၃၈)မဲ၊ မိုင်းယောင်းမြို့နယ် မဲဆန္ဒနယ်မှ (၆,၅၅၃)မဲ၊ မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်မှ (၁၉,၉၂၂)မဲနှင့် မိုင်းတုံမြို့နယ်မဲဆန္ဒနယ်မှ (၁၇,၅၄၂) မဲ စုစုပေါင်း ဆန္ဒမဲ (၆၃,၅၆၆) မဲရရှိထားခြင်းဖြစ်သည်။
အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)နယ်မြေဖြစ်သည့် မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ် နှင့် မိုင်းဖြတ်မြို့နယ်တို့တွင် USDP က အနိုင်ရပြီး တာချီလိတ်မြို့နယ် နှင့် မိုင်းယောင်းမြို့နယ်တွင် NLD က အနိုင်ရထားသည်။ 
တာချီလိတ်မြို့နယ်အတွင်း တပ်ကြိုတင်မဲအပါအဝင် မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲများတွင် USDP ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က (၉၆၈)မဲနှင့် NLD ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က (၈၃)မဲ ရရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ကြိုတင်မဲများကို ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် နိုဝင်ဘာလ (၈)ရက်နေ့ ညပိုင်းက ပါတီကိုယ်စားလှယ်များရှေ့တွင် ရေတွက်ခဲ့ကြသည်။
တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၃)တွင် နိုင်ငံရေးပါတီ (၇)ခုမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။
(ယခုထုတ်ပြန်ပေးသည့် ရွေးကောက်ပွဲ ဆန္ဒမဲရလဒ်များသည် မဲရုံများတွင် ရေတွက်သည့်စာရင်းများကို အခြေခံထားခြင်းဖြစ်ပြီး ရွေးကောက်ပွဲအနိုင်ရသူများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က တရားဝင်ကြေညာပေးမည်ဖြစ်ပါသည်။) 
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~