မကွေးတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းတွင် Covid-19 အတည်ပြုလူနာ (၄၂)ဦး ထပ်တိုး

မကွေးတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းတွင် Covid-19 အတည်ပြုလူနာ (၄၂)ဦး ထပ်တိုး
နိုဝင်ဘာ 10, 2020
By Tachileik News Agency

 

မကွေးတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းတွင် Covid-19 အတည်ပြုလူနာ (၄၂)ဦး ထပ်တိုး 

မကွေးတိုင်းဒေသကြီး၌ နိုဝင်ဘာလ(၁၀)ရက် နံနက်ပိုင်းတွင် COVID-19 ပိုးတွေ့အတည်ပြုလူနာ (၄၂)ဦး ထပ်တိုးတွေ့ရှိရသဖြင့် ပိုးတွေ့လူနာစုစုပေါင်း (၈၄၇)ဦးအထိ ရှိလာပြီး အောင်လံမြို့နယ်က အတည်ပြုလူနာ (၁၄၀)ဦးဖြင့် ပိုးတွေ့လူနာ အများဆုံးမြို့နယ်အဖြစ် ရပ်တည်လျှက်ရှိနေသည်။
“ဒီနေ့မနက်ပိုင်း (၄၂)ဦးထပ်တိုး တွေ့ရှိပါတယ်။ မကွေးနဲ့ နတ်မောက်က ပိုးတွေ့လူနာတွေက ပိုးတွေ့ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိလို့ အသွားအလာ ကန့်သတ်ထားသူတွေဖြစ်ပြီး ကျန်သူတွေကတော့ ရန်ကုန်၊မန္တလေးပြန်  Quarantine ထားရှိသူတွေဖြစ်ပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမှာ ပိုးတွေ့အတည် ပြုလူနာတွေနဲ့ ထိတွေ့မှုရှိသူများ ထပ်တိုးတွေ့ရှိလာနေတာကြောင့် တိုင်းဒေသကြီး တစ်ခုလုံး အထူးဂရုပြု ဆင်ခြင်ကြဖို့ လိုပါတယ်”ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
နိုဝင်ဘာ(၁၀)ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည့် NHL results အရ မကွေးတိုင်းဒေသကြီးအတွင်း မင်းဘူးမြို့နယ်မှ (၁၆)ဦး၊ ပခုက္ကူမြို့နယ်မှ (၆)ဦး၊ စလင်းမြို့နယ်မှ (၅)ဦး၊ ပွင့်ဖြူမြို့နယ်မှ (၄)ဦး၊ မြိုင် မြို့နယ်မှ (၄)ဦး၊ နတ်မောက်မြို့နယ်မှ (၂)ဦး၊ သရက်မြို့နယ်မှ (၂)ဦး၊ မကွေးမြို့နယ်မှ (၁)ဦး၊ အောင်လံမြို့နယ်မှ(၁)ဦး၊ ဆိပ်ဖြူမြို့နယ်မှ (၁)ဦး ထပ်တိုးတွေ့ရှိကြောင်း သိရပြီး အောင်လံမြို့နယ်က ပိုးတွေ့လူနာ(၁၄၀)ဦးဖြင့် ပိုးတွေ့လူနာ အများဆုံးမြို့နယ်အဖြစ် ရပ်တည်လျှက်ရှိနေကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း COVID-19 ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း(၈၄၇)ဦးအထိ ရှိလာပြီး ဆေးရုံတက်ရောက်ဆဲလူနာ(၁၉၆)ဦး၊ ဆေးရုံဆင်းလူနာ(၆၄၇)ဦး၊ သေဆုံးသူ(၂)ဦး ရှိကြောင်း မကွေးတိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှတ်တမ်းအရ သိရသည်။
Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ - Si Phyo Thu
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~