မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ (၁၄)ဦးတွင် ပြည်တော်ပြန် အများအပြား ပါဝင်နေ

မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ (၁၄)ဦးတွင် ပြည်တော်ပြန် အများအပြား ပါဝင်နေ
မတ် 31, 2020
By Tachileik News Agency

မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ (၁၄)ဦးတွင် ပြည်တော်ပြန် အများအပြား ပါဝင်နေ

မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြောင့် မတ်လ(၃၁)ရက်နေ့တွင် (၄)ဦးတိုးလာ၍ (၁၄)ဦးအထိ အတည်ပြုလူနာရှိနေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားရှိသည်။

ကူးစက်ခံရသည့် (၁၄)ဦးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ (၁၀)ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းက (၁)ဦး၊ နေပြည်တော်က (၁)ဦး၊ ချင်းပြည်နယ်က (၁)ဦး နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)က (၁)ဦး စုစုပေါင်း (၁၄)ဦးဖြစ်ကြောင်း သိရသည်။

ကူးစက်ခံရသူ အများစုတွင် (၁၂)ဦးမှာ ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံခြားက ပြန်ရောက်ကြသူများဖြစ်ကြောင်း နှင့် အမျိုးသား (၁၀)ဦး နှင့် အမျိုးသမီး (၄)ဦးဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံက စတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြောင့် နိုင်ငံတကာသို့ ကူးစက် ခံရကူးစက်ခံရမှု အရေအတွက်သည် ၂၀၂၀ခုနှစ် မတ်လ(၃၁)ရက်နေ့အထိ (၇၈၄,၃၁၄)ဦး ရှိပြီး သေဆုံးသူမာ (၃၇,၆၃၈)ဦးရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~