တာချီလိတ်မြို့သို့ လာမည့် ကုန်တင်ယာဉ်မောင်း (၁)ဦးအား မိုင်းပျဉ်းမြို့အဝင်တွင် စစ်ဆေးရာမှ  Covid-19 တွေ့ရှိ

တာချီလိတ်မြို့သို့ လာမည့် ကုန်တင်ယာဉ်မောင်း (၁)ဦးအား မိုင်းပျဉ်းမြို့အဝင်တွင် စစ်ဆေးရာမှ  Covid-19 တွေ့ရှိ
ဇူလိုင် 2, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့အဝင် Covid-19 စစ်ဆေးရေးဂိတ်တွင် မန္တလေးမှ တာချီလိတ်မြို့သို့ လာမည့် ကုန်တင်ယာဉ်မောင်း တစ်ဦးထံမှ Covid-19 တွေ့ရှိရကြောင်း သိရသည်။

မန္တလေးမြို့မှ တာချီလိတ်မြို့သို့ (၁၂)ဘီးယာဉ် နှင့် (၆)ဘီးယာဉ်တို့ဖြင့် လာမည့် ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်တို့သည် မိုင်းပျဉ်းမြို့သို့ ၂၀၂၁ခုနှစ် ဇူလိုင်လ(၁)ရက်နေ့ ညပိုင်းက ရောက်ရှိရာ ညအိပ်နားပြီးနောက် ယနေ့ ဇူလိုင်လ(၂)ရက်နေ့တွင် စစ်ဆေးရာမှ (၁၂)ဘီး ယာဉ်မောင်းတွင် Covid-19 ပိုးတွေ့ ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ပိုးတွေ့သူကို မိုးပျဉ်းပြည်သူ့ဆေးရုံ၏ Covid-19 သီးသန့်ကုသဆောင်တွင် ထားရှိပြီး အတူလာသူများကို Facility Quarantine ထားရှိကြောင်း သိရသည်။

Covid-19 တတိယလှိုင်းအတွင်း မိုင်းပျဉ်းမြို့ဝင် Covid-19 စစ်ဆေးရေးဂိတ်တွင် ဇွန်လ(၃၀)ရက်နေ့က (၁)ဦး ယနေ့ ဇူလိုင်လ(၂)ရက်နေ့တွင် (၁)ဦး စုစုပေါင်း (၂)ဦး တွေ့ထားရကြောင်း သိရသည်။