COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း လွိုင်ကော်ပြည်သူ့ဆေးရုံတွင် လူနာစောင့်တစ်ဦးထပ်ပို၍ မလာရန် ကန့်သတ်

COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း လွိုင်ကော်ပြည်သူ့ဆေးရုံတွင် လူနာစောင့်တစ်ဦးထပ်ပို၍ မလာရန် ကန့်သတ်
မတ် 24, 2020
By 🌸

COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း လွိုင်ကော်ပြည်သူ့ဆေးရုံတွင် လူနာစောင့်တစ်ဦးထပ်ပို၍ မလာရန် ကန့်သတ်

COVID-19 ရောဂါဖြစ်ပွားမှုမှကာကွယ်နိုင်ရန် ကယားပြည်နယ်အတွင်းရှိ ပြည်သူ့ဆေးရုံများတွင် လူနာတစ်ဦးလျှင် လူနာစောင့်တစ်ဦးထပ်ပို၍ မလာကြရန် လွိုင်ကော်ပြည်သူဆေးရုံအုပ်ကြီးက မေတ္တာရပ်ခံထားသည်။

ကယားပြည်နယ်တွင် COVID-19 ရောဂါဖြစ်ပွားမှု မရှိသေးသော်လည်း ကြိုတင်ကာကွယ်မှုအတွက် လူထူထပ်မှုများမဖြစ်စေရန် ယင်းကဲ့သို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

" ကျွန်မတို့ ဒီရောဂါစဖြစ်ပြီဆိုကတည်းက အကုန်ကြိုတင်ပြင်ဆင်ထားပါတယ်။ ကျွန်မတို့ရောဂါကာကွယ်ရေးအနေနဲ့ မိမိကိုယ်ကို မိမိကာကွယ်နိုင်ဖို့ လက်ဆေးနည်းတွေဆိုလည်း တစ်နေ့ကိုနှစ်ကြိမ်ကုသဆောင်တိုင်းမှာ လူနာရော လူနာစောင့်တွေရောကို သေချာသင်ပေးပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ ဆရာဝန်ကြီးတွေက ချမှတ်ညွှန်ကြားချက်တွေကိုလည်း လူနာရှင်တွေအနေနဲ့ လိုက်နာပေးကြဖို့ ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။လူနာတွေကို သီးသန့်ထားရင်လည်း လူနာစောင့်တွေအရေအတွက်မများဖို့အတွက် ဆရာဝန်ကြီးတွေ ကျန်းမာရေးဝန်ထမ်းတွေကပြောပြတဲ့အခါမှာလည်း လူနာရှင်တွေက နားလည်လက်ခံပေးပြီး ပူးပေါင်းဆောင်ရွက်ပေးပါ။  ဖြစ်နိုင်ရင် လူနာတစ်ယောက်ကို လူနာစောင့်တစ်ယောက်ပဲ လာပေးပါ။ ဆေးရုံဟာ ရောဂါဖြစ်နိုင်တဲ့နေရာမို့ လူထူထပ်တာတွေမဖြစ်ရအောင် ခုလို မေတ္တာရပ်ခံတာဖြစ်ပါတယ် " 

ဟု လွိုင်ကော်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာခင်စန်းမြင့်က ပြောသည်။

ယင်းအပြင် COVID-19 ရောဂါဖြစ်ပွားသည့် လူနာရှိလာပါက ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် သူနာပြုဆရာဆရာမများအား လိုအပ်သည့်ကုသရေးနည်းစနစ်များကို ကြိုတင်လေ့ကျင့်သင်ကြားပေးထားပြီး ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ကျန်းမာရေးဝန်ထမ်းများမှ ပြောပြသည့်အချက်များကို လူနာရှင်များမှ နားလည်းလိုက်နာပေးကြရန်ကိုလည်း လွိုင်ကော်ပြည်သူ့ဆေးရုံ သူနာပြုအုပ်ကြီး ဒေါ်စိုးစိုးဝင်းက တိုက်တွန်းသည်။

"ကျွန်မတို့အနေနဲ့ ဒီအချိန်ဟာအရေးကြီးဆုံးအချိန်မို့ ပြည်သူတွေကိုမေတ္တာရပ်ခံလိုတာက လူနာတစ်ယောက်ကို လူနာစောင့်တစ်ယောက်ပဲလာပေးပါ။ ဧည့်သည်တွေ မလာစေချင်ဘူး။ လူထူထပ်မနေအောင်ပါ ။ လူထပ်နေရင်ရောဂါကူးစက်ဖို့လွယ်သလို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက်လည်း ရောဂါကူးစက်နိုင်လို့ပါ။ လူနာတွေကို ကျန်းမာရေးစောင့်ရှောက်ဖို့က ကျန်းမာရေးဝန်ထမ်းတွေက ဘာမှမဖြစ်ဖို့လည်းလိုအပ်ပါတယ်။ လူနာရှင်တွေက အခုချိန်မှာ ဒါလေးတွေကို စိတ်မဆိုးဘဲ နားလည်ပေးပါ ။ ကျွန်မတို့က တစ်ခါတစ်လေပြောရမှာ အားနာပေမဲ့ ခုချိန်ကတော့ အားလုံးပူးပေါင်းလုပ်ဆောင်မှရမယ့်အချိန် ဖြစ်နေလို့ပါ "

ဟု လွိုင်ကော်ပြည်သူ့ဆေးရုံ သူနာပြုအုပ်ကြီး ဒေါ်စိုးစိုးဝင်းက ပြောသည်။

ကယားပြည်နယ်၊ လွိုင်ကော်ပြည်သူ့ဆေးရုံးကြီးတွင် ဖေဖော်ဝါရီလမှစ၍ ယနေ့ထိ COVID-19 ရောဂါ စောင့်ကြည့်လူနာ (၁၀)ဦးရှိပြီး အားလုံးတွင် COVID 19 မတွေ့ရကြောင်း ဓါတ်ခွဲအဖြေရထားသည်ဟု သိရသည်။

Tachileik News Agency
သတင်း -ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~