တာချီလိတ်မြို့မှ နေရပ်ပြန်မည့် တရုတ်နိုင်ငံသား (၆၀)ဦး၏ လေယာဉ်ခရီးစဉ်တွင် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ကိုင်ထားသူ (၄) ဦး လိုက်ပါခွင့် မရ

တာချီလိတ်မြို့မှ နေရပ်ပြန်မည့် တရုတ်နိုင်ငံသား (၆၀)ဦး၏ လေယာဉ်ခရီးစဉ်တွင် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ကိုင်ထားသူ (၄) ဦး လိုက်ပါခွင့် မရ
ဒီဇင်ဘာ 15, 2020
By Tachileik News Agency
တာချီလိတ်မြို့မှ နေရပ်ပြန်မည့် တရုတ်နိုင်ငံသား (၆၀)ဦး၏  လေယာဉ်ခရီးစဉ်တွင် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ကိုင်ထားသူ (၄) ဦး လိုက်ပါခွင့် မရ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် တရားဝင်ဗီဇာဖြင့် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား (၆၀) ဦးကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့၌ သီးသန့်လေယာဉ်ဖြင့် ပထမဆုံးအသုတ်အဖြစ် ပြန်ပို့ရာတွင် ယင်းတို့အနက် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP) ဖြင့် ဝင်လာသည့် တရုတ် (၄) ဦး လိုက်ပါခွင့်မရကြောင်း သိရသည်။
“သူတို့က တရားဝင် Passport ဗီဇာနဲ့လာတယ်။ သူတို့က ကျွန်တော်တို့ ဖမ်းဆီးထိန်းသိမ်းထားတာ မဟုတ်တဲ့အတွက်  လွှဲပေးစရာမလိုဘူး။ တရားဝင်လမ်းကြောင်းက ဝင်လာတယ်။ ဗီဇာသက်တမ်းရှိတယ်။ ဗီဇာစည်းကမ်းမဖောက်ဖျက်ဘူးဆိုရင် သူတို့သွားလို့ရတယ်။ လေယာဉ်ကတော့ ဘယ်သူ့အစီအစဉ်နဲ့ ဆင်းတယ်ဆိုတာ လေကြောင်းလိုင်းကပဲ သိမယ်။ EP က ဘယ်နှစ်ယောက်၊ တရားဝင် passport နဲ့က ဘယ်နှစ်ယောက်ဆိုတာ ကျွန်တော် မသိသေးဘူး။ လေဆိပ်တာဝန်ခံက တင်ပြမှ ကျွန်တော်သိရမှာ”ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာချီလိတ်ခရိုင်ဦးစီးမှူး ဦးဆွေမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ထိုင်းနိုင်ငံမှတစ်ဆင့် Border Pass(BP) ဖြင့်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား (၄) ဦးကို စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။
ပြည်တွင်းလေကြောင်းလိုင်းများကို ဒီဇင်ဘာလ (၁၆) ရက်နေ့နှင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှစ၍ ပြည်လည်ပြေးဆွဲခွင့်ပြုမည် ဖြစ်သော်လည်း ပြည်တွင်း၌ ပိတ်မိနေသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများက ကယ်ဆယ်ရေးလေယာဉ်(relief flight) များဖြင့် ပြန်လည်ခေါ်ယူနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား နိုင်ငံခြားရေးဝန်ကြီးဌာနချင်း ချိတ်ဆက်ဆောင်ရွက်မှုဖြင့် COVID-19 ကာလအတွင်း တာချီလိတ်မြို့တွင် ရောက်ရှိနေသည့် တရုတ်နိုင်ငံသားများကို ပထမဆုံးအသုတ်အဖြစ် Air KBZ လေယာဉ် AMN(ATR-72)၊ ခရီးစဉ်အမှတ် K7-807 ဖြင့် ရန်ကုန်သို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ရန်ကုန်သို့ ခေါ်ဆောင်သွားသည့် တရုတ်နိုင်ငံသား (၅၆)ဦးကို COVID 19 စစ်ဆေးခြင်းမပြုတော့ဘဲ PPE ဝတ်စုံများဖြင့် ရန်ကုန်သို့ ခေါ်ဆောင်သွားပြီး ရန်ကုန်တွင် စစ်ဆေးပေးမည်ဖြစ်သည်။
Tachileik News Agency
သတင်း၊ဓာတ်ပုံ - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~