မိုင်းတုံမြို့တွင် တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၂)ဦး မြောက်အဖြစ် တစ်ဦးထပ်တိုး

မိုင်းတုံမြို့တွင် တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၂)ဦး မြောက်အဖြစ် တစ်ဦးထပ်တိုး
နိုဝင်ဘာ 27, 2020
By Tachileik News Agency
 

မိုင်းတုံမြို့တွင် တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၂)ဦး မြောက်အဖြစ် တစ်ဦးထပ်တိုး 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် မိုင်းတုံမြို့မှ တဆင့် မိုင်းဆတ်မြို့သို့ သွားမည့် ရန်ကုန်မှ လာသည့် အမျိုးသားတစ်ဦးတွင် ညနေပိုင်းက Covid-19 ပိုးတွေ့ရှိရ၍ နိုဝင်ဘာလ(၂၇)ရက်နေ့ တစ်နေ့တည်းတွင် မိုင်းတုံမြို့၌ Covid-19 ပိုးတွေ့ရှိရသူ (၂)ဦးအထိ ရှိနေပြီဖြစ်သည်။

"ရန်ကုန်ကနေ မိုင်းဆတ်ကိုလာတာ။ သူတို့ အလုပ်က မိုင်းဆတ်ပေါ့ဗျာ။ ဇာတိကတော့ ရန်ကုန်ဇာတိတွေပါ။  မိုင်းတုံဂိတ်ကို ဖြတ်တော့ positive ထွက်တာပေါ့၊ (၂၅)ရက်နေ့တုန်းက သူတို့ တောင်လေးလုံးဂိတ်မှာ စစ်ခဲ့သေးတယ် အဲ့တုန်းကတော့ Negative ။ အခု ဒီမှာစစ်တော့ P ထွက်တာ။"မိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ သက်ခိုင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ(၂၇)ရက်နေ့ ညနေပိုင်းက ပြောသည်။

ရန်ကုန်မှ ကားနှစ်စီးနှင့် လူ(၄)ဦး လာကြရာတွင် အသက်(၂၉)နှစ်အရွယ် အမျိုးသားတစ်ဦး၌ Covid-19 ပိုးတွေ့ရှိခြင်းဖြစ်ပြီး ကျန် (၃)ဦးအား အထက(မိုင်းတုံ)တွင် facility quarantine ထားရှိကြောင်း သိရသည်။၊ 
နိုဝင်ဘာလ(၂၇)ရက်နေ့ နေ့လည်ပိုင်းကလည်း မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့တွင် လမ်းလုပ်ငန်းများဆောင်ရွက်ရန် သွားရောက်ကြမည့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့၊  ဘုရားငါးဆူမှ လမ်းလုပ်သားအဖွဲ့ကို   မိုင်းတုံမြို့၌ RDT ဖြင့် စစ်ဆေးရာ တစ်ဦးတွင် Covid-19 ပိုးတွေ့ရခြင်း ဖြစ်သည်။
ပိုးတွေ့လူနာကို မိုင်းတုံပြည်သူ့ဆေးရုံ၌ ကုသပေးမည်ဖြစ်ပြီး ကျန် quarantine ထားသူများကိုလည်း   ဒုတိယအကြိမ် ဓာတ်ခွဲနမူနာရယူစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~