တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း မူးယစ်ဆေး နှင့် မူးယစ်ဆေးထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများ အပါအဝင် ကျည်ဆံများ ဖမ်းဆီးရမိ

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း မူးယစ်ဆေး နှင့် မူးယစ်ဆေးထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများ အပါအဝင် ကျည်ဆံများ ဖမ်းဆီးရမိ
သြဂုတ် 28, 2020
By Tachileik News Agency
တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း မူးယစ်ဆေး နှင့် မူးယစ်ဆေးထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများ အပါအဝင် ကျည်ဆံများ ဖမ်းဆီးရမိ
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၈) ရက်နေ့ နံနက်အစောပိုင်းက မူးယစ်ဆေးဝါး၊ မူးယစ်ဆေးထုတ်လုပ်သည့် ပစ္စည်းများနှင့် ခဲယမ်းများကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားကြောင်း သိရသည်။
"ဒီမနက် (၂) နာရီ (၄၀) လောက်မှာ ဖမ်းဆီးရမိတယ်။ မူးယစ်ဆေးဝါးလည်း မိတယ်။ မူးယစ်ဆေးချက်လုပ်တဲ့ ဆက်စပ်ပစ္စည်းတွေလည်း မိတယ်။ လက်နက်ခဲယမ်းတွေရော ကားတစ်စီးနဲ့မိတယ်။ ကွင်းဆက်တရားခံတွေလည်း ထပ်မံဖော်ထုတ်နေတယ်"ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရဲတပ်ဖွဲ့ဝင်များသည် သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း နံနက် (၂)နာရီကျော်အချိန်တွင် ပုံလို့လမ်းမဘက်မှ လမ်းသွယ်တစ်ခုသို့ ချိုးဝင်လာသည့် မော်တော်ယာဉ်တစ်စီးအား စစ်ဆေးရာမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
Toyota Hilux Vigo Champ အနက်ရောင် မော်တော်ယာဉ်တွင် စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀)ပြာစး၊ M -22 ကျည်ဘောက် (၂)ခု၊ 9 MM ကျည်ဘောက် (၂)ခု၊ 9 MM Luger ကျည် (၁၀)တောင့်၊ M22 ကျည် (၁၇)တောင့်၊ M 16 ကျည် (၃၇)တောင့်၊ T စာတမ်းပါ ကျည် (၄၀)တောင့်၊ .45 ကျည် (၃၆)တောင့်၊ စိတ်ကြွဆေးပြားတွင်  WY အမှတ်တံဆိပ်ရိုက်သည့်မို (၇) ချောင်း၊ ပန်းသီးတံဆိပ်မို (၂)ချောင်း၊  999 တံဆိပ်မို (၅)ချောင်း၊ တံဆိပ်မပါမို (၅)ချောင်းနှင့် မိုခေါင်း (၃၇)ခု၊ စိတ်ကြွဆေးပြားထည့်သည့် ကပ်ခွာအိတ်ငယ်ပေါင်း (၃၀)ကီလို၊ နီညိုရောင် စိတ်ကြွဆေးမှုန်၈ (၁၂၀၀) ကီလို၊ အက်ဆစ်ပုလင်း (၉)ပုလင်း၊ မူးယစ်ဆေးချိန်သည့် ချိန်ခွင် (၁)ခု၊ ကြေးအလေး (၃)ခု၊ ဂက်စ်အိုး(၁)လုံးနှင့် အပြာရောင်ကော်ပုံး (၂)လုံးတို့ကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေး၊ ခဲယမ်းများ သယ်ဆောင်လာသည့် အသက် (၃၀)အရွယ် လုကကို တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~