တာချီလိတ်မြို့နယ်အတွင်း ရွေးကောက်ပွဲနေ့ နံနက်ပိုင်း

တာချီလိတ်မြို့နယ်အတွင်း ရွေးကောက်ပွဲနေ့ နံနက်ပိုင်း
နိုဝင်ဘာ 8, 2020
By Tachileik News Agency
 တာချီလိတ်မြို့နယ်အတွင်း ရွေးကောက်ပွဲနေ့ နံနက်ပိုင်း

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်းက မဲရုံတွေမှာ မနက် (၄) နာရီဝန်းကျင်ကစပြီး မဲရုံတာဝန်ကျ ဝန်ထမ်းတွေက မဲပုံးတွေ ပြင်ဆင်တာနဲ့ မဲလက်မှတ်တွေထုတ်ပေးပြင်ဆင်နေတာတွေ စီစဉ်နေကြပါတယ်။ 
မနက် (၅)ဝန်းကျင်ကစပြီး မဲပေးမယ့်ပြည်သူတွေက မဲရုံအသီးသီးသို့ လာရောက်ပြီး တန်းစီဆောင့်ဆိုင်းနေကြပါတယ်။ 
မဲရုံပရဝဏ်အတွင်း မဝင်ရောက်ခင်အချိန်မှာ ကိုယ်အပူချိန်တိုင်းတာမှုတွေ လုပ်ဆောင်သလို လက်ဆေးရည်နဲ့ လက်ဆေးခိုင်းတာတွေ၊ တပ်ဆင်လာတဲ့ Mask တွေကိုချွတ်ပစ်ခိုင်းပြီး kn 95 အမျိုးအစား Mask အသစ်တွေကို တပ်ဆင်ပေးခဲ့ပါတယ်။ 
မြန်မာစံတော်ချိန် နံနက် (၆) နာရီတိတိအချိန်မှာ မဲရုံဖွင့်လှစ်ကြောင်း ကြေညာလိုက်ချိန်မှာတော့ မဲပေးဖို့စောင့်ဆိုင်းနေသူတွေက တစ်ဦးချင်း စနစ်တကျ တန်းစီဝင်ရောက်လာကြပါတယ်။ 
မဲရုံတွေရဲ့ လုံခြုံရေးအခြေအနေနဲ့ မဲပေးသူတွေ အဆင်ပြေမှု ရှိ၊ မရှိကို ခရိုင်အဆင့်ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးကော်မတီက လိုက်လံစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ပါတယ်။ 
အဲ့ဒီအပြင် တာချီလိတ်ခရိုင်/မြို့နယ်စုပေါင်းရုံးမှာလည်း   မြို့နယ်အတွင်းမှာရှိတဲ့ မဲရုံ(၇၀)မှာ လာရောက်မဲပေးသူတွေရဲ့ စာရင်းကို (၁) နာရီတစ်ကြိမ် ပြုစုနေပါတယ်။ 
နေ့လည် (၁၁) နာရီအထိ ရရှိတဲ့စာရင်းတွေအရ တာချီလိတ်မြို့နယ်အတွင်းက တာချီလိတ်၊ တာလေ နဲ့ ကျိုင်းလပ်မြို့တို့ ဆန္ဒမဲပေးခွင့်ရှိသူ တစ်သိန်းနှစ်သောင်းကျော်အနက် လူ သုံးသောင်းနှစ်ထောင်ကျော် ဆန္ဒမဲပေးပြီးသွားတဲ့အတွက် ၂၄ ရာခိုင်နှုန်းကျော်ရှိသွားပြီလို့ သိရပါတယ်။ 
အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး နိုဝင်ဘာလ ၇ ရက်နေ့အထိ အသက် ၆၀နဲ့အထက် သက်ကြီးရွယ်အိုတွေနဲ့ မဲရုံတာဝန်ကျသူတွေကို ကြိုတင်ဆန္ဒမဲပေးခွင့်ပြုခဲ့ရာမှာ တပ်မဲများ အပါအဝင် လူဦးရေ တစ်သောင်းသုံးထောင်ကျော် ကြိုတင်ဆန္ဒမဲ ပေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီကနေ့ နိုင်ငံအတွင်း ကျင်းပနေတဲ့ရွေးကောက်ပွဲကနေ ပြည်သူ့လွှတ်တော် (၃၁၅)နေရာ၊ အမျိုးသားလွှတ်တော် (၁၆၁)နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် (၆၁၂)နေရာနဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး (၂၉)ဦးကိုရွေးချယ်သွားမှာ ဖြစ်ပါတယ်။
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~