ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရသူ (၈)ဦးကို တာချီလိတ်သို့ လွှဲပြောင်းပေးလာရာ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ စစ်ဆေးမှုများ လုပ်ဆောင်ပြီး လက်ခံ

ဖေဖော်ဝါရီ 26, 2020
By Tachileik News Agency
ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရသူ (၈)ဦးကို တာချီလိတ်သို့ လွှဲပြောင်းပေးလာရာ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ စစ်ဆေးမှုများ လုပ်ဆောင်ပြီး လက်ခံ

ထိုင်းနိုင်ငံတွင်း အကြောင်း အမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား (၈)ဦးမှာ ပြစ်ဒဏ်စေ့ပြီဖြစ်၍ မယ်ဆိုင်မြို့မှ တစ်ဆင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့တွင် လာရောက်လွှဲပြောင်းပေးသည်။

အဆိုပါ မြန်မာနိုင်ငံသား အမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၅)ဦးတို့မှာ ထိုင်းနိုင်ငံတွင်း ခွင့်ပြုနယ်မြေထက် ကျော်လွန်သွားရောက်ခြင်းဖြင့် အရေးယူခံရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများအား မယ်ဆိုင်မြို့မှ လဝကအရာရှိ Somsak Singkham ဦးစီးသည့်အဖွဲ့က မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတား တာချီလိတ်ဘက်ခြမ်းသို့ လာရောက်လွှဲပြောင်းပေးရာ မြန်မာဘက်မှ လဝကမှူးဦးစီးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူကုန်တားအဖွဲ့နှင့် CNCMC အဖွဲ့တို့က စိစစ်လက်ခံခဲ့ကြခြင်းဖြစ်သည်။

လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများအား လတ်တလောဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ စစ်ဆေးမှုများကို ကျန်းမာရေးက စစ်ဆေးပေးကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - CNCMC

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~