တာချီလိတ်မြို့ရဲ့ ပါဠိပထမပြန်စာမေးပွဲကို Covid-19 အခြေအနေကြောင့် သတ်မှတ်လထက် နောက်ကျမှ ကျင်းပနိုင်

တာချီလိတ်မြို့ရဲ့ ပါဠိပထမပြန်စာမေးပွဲကို Covid-19 အခြေအနေကြောင့် သတ်မှတ်လထက် နောက်ကျမှ ကျင်းပနိုင်
ဇူလိုင် 17, 2020
By Tachileik News Agency

တာချီလိတ်မြို့ရဲ့ ပါဠိပထမပြန်စာမေးပွဲကို Covid-19 အခြေအနေကြောင့် သတ်မှတ်လထက် နောက်ကျမှ ကျင်းပနိုင်

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ တာချီလိတ်မြို့ရဲ့ ပါဠိပထမပြန်စာမေးပွဲကို ၂၀၂၀ခုနှစ် မတ်လအတွင်းမှာ ကျင်းပဖို့ စီစဉ်ထားပေမဲ့ covid-19 ကြောင့် ရက်ရွှေ့ဆိုင်းခဲ့ရပြီးနောက် တာချီလိတ်မြို့မှာရှိတဲ့ မြို့နယ်ဓမ္မာရုံမှာ ၂၀၂၀ခုနှစ် ဇူလိုင်(၁၅)ရက်နေ့က စပြီး ကျင်းပနေပါတယ်။

ပါဠိပထမပြန်စာမေးပွဲကို ဇူလိုင်လ (၁၅) ရက်နေ့ကနေ (၂၂) ရက်နေ့အထိ ကျင်းပနေပြီး စာမေးပွဲမှာ စာဖြေသံဃာ (၇၂) ပါး ဝင်ရောက်ဖြေဆိုနေတဲ့အပြင်  သံဃာတော် (၈) ပါးက ကြီးကြပ်ပေးနေတဲ့အတွက် စာမေးပွဲကာလအတွင်း အချိုရည်နဲ့ အခြားလှူဖွယ်ပစ္စည်းတွေ လှူဒါန်းလိုပါက စာမေးပွဲကျင်းပတဲ့ တာချီလိတ်မြို့နယ်ဓမ္မာရုံမှာ လာရောက်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~