တာခ်ီလိတ္ၿမိဳ႕ ဝမ္ေကာင္းရပ္ကြက္တြင္ စည္းကမ္းမဲ့အမိႈက္စြန္႔ပစ္ျခင္းမ်ားအား ေစာင့္ၾကည့္သတင္းေပး ဒဏ္ေၾကးေဆာင္သည့္စနစ္ က်င့္သံုးရန္ စီစဥ္ေန

တာခ်ီလိတ္ၿမိဳ႕ ဝမ္ေကာင္းရပ္ကြက္တြင္ စည္းကမ္းမဲ့အမိႈက္စြန္႔ပစ္ျခင္းမ်ားအား ေစာင့္ၾကည့္သတင္းေပး ဒဏ္ေၾကးေဆာင္သည့္စနစ္ က်င့္သံုးရန္ စီစဥ္ေန
ဇွန် 29, 2019
By 🌸
ၿမိဳ႕သာယာလွပေရးအတြက္ အပတ္စဥ္ စေနေန႔တုိင္း စုေပါင္းအမိႈက္ေကာက္အစီအစဥ္ျဖင့္ ေဆာင္ရြက္ေနသည့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ရိွ ဝမ္ေကာင္းရပ္ကြက္တြင္ စည္းကမ္းမဲ့အမိႈက္စြန္႔ပစ္မႈမ်ားရိွေနဆဲျဖစ္သျဖင့္  ေစာင့္ၾကည့္သတင္းေပး ဒဏ္ေၾကးေဆာင္ေစသည့္ စနစ္က်င့္သံုးရန္ စီစဥ္ေနေၾကာင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ထံမွ သိရသည္။

 “ရပ္ကြက္ထဲမွာ မဂၤလာကုန္းဘက္ကအိမ္ေတြက အမိႈက္သိမ္းဆည္းခက ေစ်းႀကီးတယ္ မေပးႏုိင္ဘူးဆိုလိုလုိ႔ အမိႈက္သိမ္းဆည္းခေလွ်ာ့ေပးဖို႔ ကုမၸဏီနဲ႔ ညိႇေပးထားပါတယ္။ မဂၤလာကုန္းက ဆင္းတဲ့လမ္းႏွစ္ခုထိပ္မွာ အမိႈက္ကားကို နာရီဝက္ရပ္ထားၿပီး အမိႈက္သိမ္းကားဝန္ထမ္းက လမ္းတေလွ်ာက္ ေခါင္းေလာင္းတီးၿပီး အသိေပးတယ္။ မဂၤလာကုန္းဘက္က အိမ္ေတြ အမိႈက္ဆင္းလာပစ္ႏုိင္ဖို႔ လမ္းထိပ္ႏွစ္ခုမွာ အမိႈက္ကားရပ္ထားၿပီး ေစာင့္ေပးဖုိ႔  ညိႇႏိႈင္းေပးထားပါတယ္။ အမိႈက္သိမ္းတဲ့သူေတြက လုပ္ေပးတယ္။ ရပ္ကြက္ကလူေတြ တစ္ခ်ိဳ႕က လကုန္ေတာ့ အမိႈက္သိမ္းခ မေပးၾကဘူး။ တစ္ခ်ိဳ႕ကေတာ့ေပးၾကပါတယ္။ အမိႈက္သိမ္းတဲ့ကုမၸဏီဘက္က (၂)လေလာက္အထိ သိမ္းေပးေပမဲ့ အမိႈက္သိမ္းခမေပးၾကေတာ့ အဲဒီအပိုင္းမွာ လုိက္သိမ္းမေပးေတာ့ဘူး။ ဒါေပမဲ့ အမိႈက္ပံုတဲ့ေနရာမွာရိွရင္ေတာ့ သူတုိ႔ သိမ္းသြားေပးတယ္။ ဒါကိုလည္း အမိႈက္ကားလာသိမ္းၿပီးေနာက္ပိုင္းမွ လာပစ္ၾကတယ္။ ဒီေတာ့ ရပ္ကြက္ထဲမွာ အမိႈက္ပံုျဖစ္ေနတယ္။ ဒါကိုေျဖရွင္းဖုိ႔က ေစာင့္ၾကည့္သတင္းေပး ဒဏ္ေၾကးေဆာင္ခိုင္းတဲ့နည္းကို လုပ္ဖုိ႔ေတာ့ စီစဥ္ေနပါတယ္”ဟု ဝမ္ေကာင္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္းဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဝမ္ေကာင္းရပ္ကြက္ရိွ အခ်ိဳ႕ေနအိမ္မ်ားက အမိႈက္ကားလာသိမ္းခ်ိန္တြင္ မပစ္ဘဲ စည္းကမ္းမဲ့အမိႈက္စြန္႔ပစ္မႈမ်ားေၾကာင့္ အေႏွာင့္အယွက္ျဖစ္ရသည့္ အနီးဝန္းက်င္ေနအိမ္မ်ားက စည္ပင္သာယာေရးဌာနထံ တုိင္ၾကားခဲ့သျဖင့္ ဌာနက ညိႇႏိႈင္းေျဖရွင္းေပးခဲ့ေသာ္လည္း စည္းကမ္းမဲ့အမိႈက္ပစ္ျခင္းမ်ား ဆက္လက္ရိွေနျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္မ်ားတြင္ အမိႈက္သိမ္းဆည္းေရးအတြက္ စည္ပင္သာယာေရးဌာနထံမွ လုပ္ကိုင္ခြင့္ရရိွထားသည့္ ပုဂၢလိက ကုမၸဏီ UBL က အမိႈက္သိမ္းဆည္းခအျဖစ္ တစ္အိမ္လွ်င္ တစ္လ ဘတ္(၅၀)မွ (၁၀၀)အထိ ေကာက္ခံေနျခင္းျဖစ္ေသာ္လည္း ဝမ္ေကာင္းရပ္ကြက္ရိွ မဂၤလာကုန္းတြင္ တစ္လ ဘတ္(၂၀)ႏႈန္းအထိ ေလွ်ာ့ခ်ေကာက္ခံေပးရန္ ကုမၸဏီဘက္က သေဘာတူညီထားျခင္းျဖစ္ေၾကာင္း သိရသည္။

နယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္တြင္ အမိႈက္သိမ္းဆည္းျခင္းကို ကုမၸဏီ၏အမိႈက္သိမ္းကားျဖင့္ လုိက္လံသိမ္းဆည္းေပးေနသည့္အျပင္ ရပ္ကြက္အတြင္းႏွင့္ ေရေျမာင္းမ်ား၊ေခ်ာင္းမ်ားအတြင္း စည္းကမ္းမဲ့အမိႈက္စြန္႔ပစ္မႈမ်ားရိွေနသျဖင့္ အပတ္စဥ္ စေနေန႔တုိင္း စုေပါင္းအမိႈက္ေကာက္သည့္အစီအစဥ္ကို ၂၀၁၉ ခုနွစ္ မတ္လ (၉) ရက္ေန႔မွစတင္ခဲ့ၿပီး ပထမ (၃) လပတ္ကို ပညာေပးကာလ၊ ဒုတိယ(၃)လပတ္တြင္ အမိႈက္ပံုးျဖန္႔ေ၀ေပးျခင္း၊ စည္းကမ္းမဲ့အမိႈက္စြ႔န္ပစ္သူမ်ားကို ဒဏ္ေငြေပးေဆာင္ေစျခင္းတုိ႔ကို အစီအစဥ္အတုိင္း လုပ္ေနျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - TTW

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းများအား စောင့်ကြည့်သတင်းပေး ဒဏ်ကြေးဆောင်သည့်စနစ် ကျင့်သုံးရန် စီစဉ်နေ
*********
မြို့သာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းအမှိုက်ကောက်အစီအစဉ်ဖြင့် ဆောင်ရွက်နေသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများရှိနေဆဲဖြစ်သဖြင့်  စောင့်ကြည့်သတင်းပေး ဒဏ်ကြေးဆောင်စေသည့် စနစ်ကျင့်သုံးရန် စီစဉ်နေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

 “ရပ်ကွက်ထဲမှာ မင်္ဂလာကုန်းဘက်ကအိမ်တွေက အမှိုက်သိမ်းဆည်းခက စျေးကြီးတယ် မပေးနိုင်ဘူးဆိုလိုလို့ အမှိုက်သိမ်းဆည်းခလျှော့ပေးဖို့ ကုမ္ပဏီနဲ့ ညှိပေးထားပါတယ်။ မင်္ဂလာကုန်းက ဆင်းတဲ့လမ်းနှစ်ခုထိပ်မှာ အမှိုက်ကားကို နာရီဝက်ရပ်ထားပြီး အမှိုက်သိမ်းကားဝန်ထမ်းက လမ်းတလျှောက် ခေါင်းလောင်းတီးပြီး အသိပေးတယ်။ မင်္ဂလာကုန်းဘက်က အိမ်တွေ အမှိုက်ဆင်းလာပစ်နိုင်ဖို့ လမ်းထိပ်နှစ်ခုမှာ အမှိုက်ကားရပ်ထားပြီး စောင့်ပေးဖို့  ညှိနှိုင်းပေးထားပါတယ်။ အမှိုက်သိမ်းတဲ့သူတွေက လုပ်ပေးတယ်။ ရပ်ကွက်ကလူတွေ တစ်ချို့က လကုန်တော့ အမှိုက်သိမ်းခ မပေးကြဘူး။ တစ်ချို့ကတော့ပေးကြပါတယ်။ အမှိုက်သိမ်းတဲ့ကုမ္ပဏီဘက်က (၂)လလောက်အထိ သိမ်းပေးပေမဲ့ အမှိုက်သိမ်းခမပေးကြတော့ အဲဒီအပိုင်းမှာ လိုက်သိမ်းမပေးတော့ဘူး။ ဒါပေမဲ့ အမှိုက်ပုံတဲ့နေရာမှာရှိရင်တော့ သူတို့ သိမ်းသွားပေးတယ်။ ဒါကိုလည်း အမှိုက်ကားလာသိမ်းပြီးနောက်ပိုင်းမှ လာပစ်ကြတယ်။ ဒီတော့ ရပ်ကွက်ထဲမှာ အမှိုက်ပုံဖြစ်နေတယ်။ ဒါကိုဖြေရှင်းဖို့က စောင့်ကြည့်သတင်းပေး ဒဏ်ကြေးဆောင်ခိုင်းတဲ့နည်းကို လုပ်ဖို့တော့ စီစဉ်နေပါတယ်”ဟု ဝမ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဝမ်ကောင်းရပ်ကွက်ရှိ အချို့နေအိမ်များက အမှိုက်ကားလာသိမ်းချိန်တွင် မပစ်ဘဲ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် အနှောင့်အယှက်ဖြစ်ရသည့် အနီးဝန်းကျင်နေအိမ်များက စည်ပင်သာယာရေးဌာနထံ တိုင်ကြားခဲ့သဖြင့် ဌာနက ညှိနှိုင်းဖြေရှင်းပေးခဲ့သော်လည်း စည်းကမ်းမဲ့အမှိုက်ပစ်ခြင်းများ ဆက်လက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ်ရပ်ကွက်များတွင် အမှိုက်သိမ်းဆည်းရေးအတွက် စည်ပင်သာယာရေးဌာနထံမှ လုပ်ကိုင်ခွင့်ရရှိထားသည့် ပုဂ္ဂလိက ကုမ္ပဏီ UBL က အမှိုက်သိမ်းဆည်းခအဖြစ် တစ်အိမ်လျှင် တစ်လ ဘတ်(၅၀)မှ (၁၀၀)အထိ ကောက်ခံနေခြင်းဖြစ်သော်လည်း ဝမ်ကောင်းရပ်ကွက်ရှိ မင်္ဂလာကုန်းတွင် တစ်လ ဘတ်(၂၀)နှုန်းအထိ လျှော့ချကောက်ခံပေးရန် ကုမ္ပဏီဘက်က သဘောတူညီထားခြင်းဖြစ်ကြောင်း သိရသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် အမှိုက်သိမ်းဆည်းခြင်းကို ကုမ္ပဏီ၏အမှိုက်သိမ်းကားဖြင့် လိုက်လံသိမ်းဆည်းပေးနေသည့်အပြင် ရပ်ကွက်အတွင်းနှင့် ရေမြောင်းများ၊ချောင်းများအတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများရှိနေသဖြင့် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းအမှိုက်ကောက်သည့်အစီအစဉ်ကို ၂၀၁၉ ခုနှစ် မတ်လ (၉) ရက်နေ့မှစတင်ခဲ့ပြီး ပထမ (၃) လပတ်ကို ပညာပေးကာလ၊ ဒုတိယ(၃)လပတ်တွင် အမှိုက်ပုံးဖြန့်ဝေပေးခြင်း၊ စည်းကမ်းမဲ့အမှိုက်စွ့န်ပစ်သူများကို ဒဏ်ငွေပေးဆောင်စေခြင်းတို့ကို အစီအစဉ်အတိုင်း လုပ်နေခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - TTW

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net