ကျောက်မဲမြို့အဝင်ရှိ Covid-19 စစ်ဆေးရေးစခန်းတွင် သတင်းမပို့ဘဲ မြို့တွင်းသို့ ခိုးဝင်နေထိုင်သည့် သူများကို တွေ့ရှိပါက တိုင်ကြားနိုင်ပြီး တိုင်ကြားသူကို မည်သူမှ မသိစေရ

ကျောက်မဲမြို့အဝင်ရှိ Covid-19 စစ်ဆေးရေးစခန်းတွင် သတင်းမပို့ဘဲ မြို့တွင်းသို့ ခိုးဝင်နေထိုင်သည့် သူများကို တွေ့ရှိပါက တိုင်ကြားနိုင်ပြီး တိုင်ကြားသူကို မည်သူမှ မသိစေရ
နိုဝင်ဘာ 19, 2020
By Tachileik News Agency
ကျောက်မဲမြို့အဝင်ရှိ Covid-19 စစ်ဆေးရေးစခန်းတွင် သတင်းမပို့ဘဲ မြို့တွင်းသို့ ခိုးဝင်နေထိုင်သည့် သူများကို တွေ့ရှိပါက တိုင်ကြားနိုင်ပြီး တိုင်ကြားသူကို မည်သူမှ မသိစေရ
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်းသို့ အခြားဒေသမှ လာရောက်သူများထဲက မြို့အဝင်ရှိ Covid-19 စစ်ဆေးရေးစခန်းသို့ သတင်းမပို့ဘဲ မြို့တွင်းသို့ အခြားနည်းဖြင့် ခိုးဝင်လာသူများ ရှိနေ၍ တွေ့ရှိရပါက ကော်မတီသို့ သတင်းပေးတိုင်ကြားနိုင်ပြီး တိုင်ကြားသူကို လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း ကော်မတီ ဥက္ကဌက ပြောကြားလိုက်သည်။ 
“သတင်းမပေးဘဲ ခိုးဝင်နေကြတာတွေ တွေ့တာနဲ့ ကော်မတီကို တိုက်ရိုက်တိုင်ကြားပေးကြပါ၊ တိုင်ကြားသူ နဲ့ ပတ်သက်လို့ ပြန်ပြီး မဖေါ်ထုတ်ဘဲ ကာကွယ်ပေးပါ့မယ်။ ပြည်သူလူထုက ပူးပေါင်းပါဝင်ပြီး သတင်းပေး တိုင်ကြား ခြင်းဖြင့် ရောဂါကူးစက်ပျံ့ပွားမှုကို အတိုင်းအတာတစ်ခုထိ ကာကွယ်နိုင်မှာဖြစ်ပါတယ်” ဟု ကျောက်မဲမြို့နယ် ကိုဗစ်၁၉တားဆီးထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာ (၁၉)ရက်နေ့တွင် ပြောသည်။
 
မန္တလေး- ကျောက်မဲ- လားရှိုး လမ်းပိုင်းတွင် သွားလာနေသော ကုန်တင်ယာဥ်များမှ ယာဥ်မောင်း နှင့် ယာဥ်နောက်လိုက် အချို့ နှင့် ရောဂါပိုးကူးစက်ပျံ့ပွားနေသည့် အခြားမြို့များမှ ကျောက်မဲမြို့သို့ ပြန်လာသူ အချို့သည် Covid-19 စစ်ဆေးရေးစခန်း( Check Point )တွင် သတင်းမပို့ဘဲ မြို့တွင်းသို့ အခြားနည်းဖြင့် ဝင်ရောက်ကာ မိမိတို့ နေအိမ်များတွင် ဝင်ရောက်နေထိုင်ခြင်းများရှိနေခြင်းဖြစ်၍ ခိုးဝင်လာသူများကို တွေ့ရှိရပါက ဖုန်း ၀၈၂-၄၀၀၂၃ နှင့် ၀၈၂၄၀၀၂၄ သို့ ဆက်သွယ် သတင်းပေးနိုင်ကြောင်း သိရသည်။
သတင်းမပို့ဘဲ ဝင်ရောက်လာကြခြင်းများကြောင့် မလိုအပ်ဘဲ ရောဂါကူးစက်ပျံ့ပွားမှု မဖြစ်ပေါ်စေရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် လူမှုကူညီရေးအဖွဲ့များ က လိုက်လံကြပ်မတ်စစ်ဆေးနေရပြီး အသိမပေးဘဲ ဝင်ရောက်နေထိုင်ပြီး ခရီးပြန်ထွက်သွားသူများ၏ မိသားစု နှင့် နေအိမ်များကို ကျန်းမာရေးဌာန၏ ဆုံးဖြတ်မှုဖြင့် နေအိမ်အသွားအလာ ကန့်သတ်မှု ပြုလုပ်နေသည်ဟု သိရသည်။
ကျောက်မဲမြို့နယ်တွင် ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၁၉)ရက်နေ့အထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၁၁)ဦးအထိ ရှိရာ  (၇)ဦးမှာ သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းသွားပြီဖြစ်၍ လက်ရှိတွင် ကုသမှုခံယူနေသူ (၄)ဦးကျန်ရှိနေသေးကြောင်း သိရှိရသည်။

Tachileik News Agency

သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~