တာချီလိတ်မြို့ရှိ မိုးကုတ်တရားရိပ်သာတွင် (၂၁)ရက်အကြာ Quarantine ထားရှိသည့် နေရပ်ပြန် (၂၀၀)ကျော် သတ်မှတ်ရက်ပြည့်သွား၍ ဒေသအသီးသီးသို့ ပြန်ပြီ

တာချီလိတ်မြို့ရှိ မိုးကုတ်တရားရိပ်သာတွင် (၂၁)ရက်အကြာ Quarantine ထားရှိသည့် နေရပ်ပြန် (၂၀၀)ကျော် သတ်မှတ်ရက်ပြည့်သွား၍ ဒေသအသီးသီးသို့ ပြန်ပြီ
ဧပြီ 27, 2020
By Tachileik News Agency
တာချီလိတ်မြို့ရှိ မိုးကုတ်တရားရိပ်သာတွင် (၂၁)ရက်အကြာ Quarantine ထားရှိသည့် နေရပ်ပြန် (၂၀၀)ကျော် သတ်မှတ်ရက်ပြည့်သွား၍ ဒေသအသီးသီးသို့ ပြန်ပြီ

ထိုင်းနိုင်ငံအတွင်း တရားဝင်သွားရောက် အလုပ် လုပ်ကိုင်ပြီး တာချီလိတ်သို့ ပြန်လည် ရောက်ရှိလာကာ (၂၁)ရက် Facility Quarantine စောင့်ကြည့်ခံထားရသည့် နေရပ်ပြန် မြန်မာနိုင်ငံသား (၂၀၅)ဦးသည် သတ်မှတ် စောင့်ကြည့်ရက်ပြည့်သွားပြီဖြစ်သည့်အတွက် ၂၀၂၀ခုနှစ် ဧပြီလ(၂၇)ရက်နေ့ နံနက်ပိုင်းက ဒေသအသီးသီးသို့ ပြန်သွားကြပြီဖြစ်သည်။

၎င်းတို့ ပြန်ရန်အတွက် သက်ဆိုင်ရာများက ကားချိတ်ဆက် စီစဉ်ပေးခြင်းဖြစ်ပြီး ကားခကိုတော့ နေရပ်ပြန်များကသာ ကုန်ကျရမည်ဖြစ််ပြီး လုံးဝမတတ်နိုင်သူများကိုတော့ ကူညီပေးလိုက်ကြောင်း နှင့် နေရပ်သို့ရောက်ရှိသည့်အခါတွင် လိုအပ်ပါက ပြသနိုင်ရန် ကျန်းမာရေးထောက်ခံစာကိုလည်း ထုတ်ပေးလိုက်ကြောင်း သိရသည်။

"သူတို့ ပြန်တဲ့အခါမှာ  သက်ဆိုင်ရာနေရာဒေသအလိုက် ကားတွေကို မထသ နဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့နဲ့ တိုင်ပင်ပြီးတော့ သူတို့ နေရပ််အထိ ပြန်ရောက်နိုင်အောင် စီစဉ်ပေးလိုက်ပါတယ်၊ နောက်တစ်ခုက သူတို့ လမ်းမှာစားဖို့အတွက်   ထမင်းထုပ်တို့ ရေတို့ ဒါတွေကိုလည်း စီစဉ်ပေးလိုက်တယ်၊ နောက်ပြီး ဒီမှာ (၂၁)ရက် Quarantine ပေါ့နော်၊ ဒီစခန်းမှာ နေထိုင်ခဲ့ကြောင်း ကျန်းမာရေးနဲ့ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ ပေါင်းပြီးတော့လည်း ထောက်ခံချက်တွေ ဆောင်ရွက်ပေးခဲ့ပါတယ်"ဟု တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ မိုးကုတ်တရားရိပ်သာတွင် ဖွင့်လှစ်ထားသည့် facility quarantine center အား တာချီလိတ်ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်အရန်မီးသတ် နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ အပါအဝင် လူမှုရေးအသင်းအဖွဲ့များ နှင့် Volunteer အဖွဲ့များဖြင့် စောင့်ရှောက်ပေးထားပြီး အလှူရှင်များမှ လာရောက်လှူဒါန်းပေးလာမှုများဖြင့် ကျွေးမွေးထားရှိရာ တစ်နေ့စာအတွက် ကုန်ကျငွေမှာ ကျပ်(၁၀)သိန်းကျော် ကုန်ကျကြောင်း သိရသည်။

"စုစုပေါင်း (၂၀၅)ယောက်ကို (၂၁)ရက် Quarantine ထားခဲ့တာပေါ့နော်။ ဒီကာလမှာ တစ်နေ့ကို ထမင်းအနေနဲ့ တစ်နေ့ကို (၃)နပ်စာ လူနှစ်ကျော်စာကို တစ်ရက်ကို ကျပ်(၁၀)သိန်းကျော်လောက် ကုန်ကျပါတယ်၊ ဒီမှာလာပြီးတော့ (၂၁)ရက်လုံး လှူဒါန်းပေးတဲ့ မြို့ခံအလှူရှင်တွေရော အခြားရပ်နီးရပ်ဝေးက အလှူရှင်တွေကိုရော ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

နေရပ်ပြန်များတွင် တိုင်းနှင့်ပြည်နယ်အသီးသီးက ပါဝင်သော်လည်း ရှမ်းပြည်နယ်အတွင်းက အများဆုံး အပါအဝင်ဖြစ်သည်။

'''အစစ အရာရာ စားဝတ်နေရေး ရေမီးအစုံရှိတယ်။ wifi ရှိတယ်၊ အကုန်လုံးအတွက် အဆင်ပြေပါတယ်၊ ပြည်တော်ပြန်တွေ အားလုံးကို  ကူညီပေးတဲ့ အဖွဲ့သားတွေကိုရော၊ Volunteer အဖွဲ့သားတွေကိုရော အားလုံးကို  အထူးပဲ ကျေးဇူးတင်ပါတယ်၊'ဟု နေရပ်ပြန်များထဲက မလှိုင်မြို့တွင် နေထိုင်သူ ကိုအောင်သူက ပြောသည်။

အဆိုပါ နေရပ်ပြန်များသည် ၂၀၂၀ခုနှစ် ဧပြီလ(၆)ရက်နေ့က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တဆင့် တာချီလိတ်သို့ ဝင်ရောက်လာသူများဖြစ်ကြောင်း နှင့် ၎င်းတို့ထဲက (၁၀)ရာခိုင်နှုန်းအဖြစ် (၁၉)ဦးအား ကျန်းမာရေးက ဓါတ်ခွဲစစ်ဆေးရာ ၎င်းတို့တွင် COVID-19 ရောဂါပိုးမတွေ့ရှိရကြောင်း အဖြေထွက်သည်။

တာချီလိတ်တွင် နေရပ်ပြန်များကို Facility Quarantine ထားရှိ စောင့်ရှောက်ပေးထားမှုသည် ပထမအကြိမ်က (၉၂)ဦး နှင့် ဒုတိယအကြိမ်က (၂၀၅)ဦးဖြစ်ပြီး စုစုပေါင်း နှစ်ကြိမ်တိတိရှိပြီဖြစ်သည်။

Tachileik News Agency
သတင်း - ကိုဇောင်း ( Ko Zaung )


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~