ရှမ်းပြည်နယ်( မြောက်ပိုင်း ) သီပေါမြို့တွင် တရုတ်နိုင်ငံမှပြန်လာသည့် အမျိုးသားတစ်ဦးကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်

ရှမ်းပြည်နယ်( မြောက်ပိုင်း ) သီပေါမြို့တွင် တရုတ်နိုင်ငံမှပြန်လာသည့် အမျိုးသားတစ်ဦးကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်
မတ် 17, 2020
By Tachileik News Agency
ရှမ်းပြည်နယ်( မြောက်ပိုင်း ) သီပေါမြို့တွင် တရုတ်နိုင်ငံမှပြန်လာသည့် အမျိုးသားတစ်ဦးကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်

ရှမ်းပြည်နယ်( မြောက်ပိုင်း ) သီပေါမြို့တွင် တရုတ်နိုင်ငံမှ ပြန်လာသည့် အသက် (၂၀)အရွယ် အမျိုးသားတစ်ဦး ကိုယ်အပူချိန်မြင့်နေသဖြင့် သီပေါပြည်သူ့ဆေးရုံတွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၇)ရက်နေ့၌ စောင့်ကြည့်လူနာအဖြစ် ကုသမှုပေးနေကြောင်း သိရသည်။

"လောလောဆယ်တော့ အဲဒီလူနာနဲ့ ပတ်သက်ပြီးတော့ ဆေးရုံမှာ အစည်းအဝေး လုပ်နေပါတယ်။ လက်ရှိမှာတော့ စောင့်ကြည့်လူနာအဖြစ် ထားရှိထားပါတယ်"ဟု သီပေါပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ လူငယ်သည် တရုတ်နိုင်ငံ၊ ကွမ်တုံပြည်နယ် ဟွေကျိုးမြို့၌ အလုပ်သွားရောက်လုပ်ကိုင်နေသူဖြစ်ပြီး တရုတ် - မြန်မာနယ်စပ်မှတစ်ဆင့် ပြန်ဝင်လာကာ သီပေါမြို့သို့ မတ်လ (၁၆)ရက်နေ့ ည (၇)နာရီဝန်းကျင်တွင် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ ပြန်လာသူဖြစ်ပြီး ကိုယ်အပူချိန်မြင့်နေ၍ သီပေါမြို့ရှိ  ပြည်သူ့ဆေးရုံ၏ သီးသန့် စောင့်ကြည့်ခန်းတွင် ထားရှိပြီး ဓါတ်ခွဲနမူနာပို့စစ်ရန် စီစဉ်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း  - နေဖြိုးမြင့်
ဓါတ်ပုံ - axsai


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~