ယာဉ်တစ်စီး အရှိန်ပြင်းက လေပေါ်တွင် လေး/ငါးပတ် လိမ့်၍ မြောက်တက်သွားပြီးနောက် ယာဉ်မောင်းမှာ လွှင့်စင်သွားကာ ပြုတ်ကျသည့် နေရာတွင် သေဆုံး

ယာဉ်တစ်စီး အရှိန်ပြင်းက လေပေါ်တွင် လေး/ငါးပတ် လိမ့်၍ မြောက်တက်သွားပြီးနောက် ယာဉ်မောင်းမှာ လွှင့်စင်သွားကာ ပြုတ်ကျသည့် နေရာတွင် သေဆုံး
နိုဝင်ဘာ 24, 2020
By Tachileik News Agency
ယာဉ်တစ်စီး အရှိန်ပြင်းက လေပေါ်တွင် လေး/ငါးပတ် လိမ့်၍ မြောက်တက်သွားပြီးနောက် ယာဉ်မောင်းမှာ လွှင့်စင်သွားကာ ပြုတ်ကျသည့် နေရာတွင် သေဆုံး
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် နေပြည်တော်-ကံပြားလမ်း၌ နိုဝင်ဘာ(၂၃)ရက် ညနေ(၃)နာရီ ဝန်းကျင်က   မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဖြစ်ကာ  လေပေါ်တွင် လေး/ငါး ပတ်ခန့် လိမ့်၍ တိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်မောင်းနှင်သူမှာလည်း ယာဉ်ပေါ်မှ လွင့်ကျသေဆုံးသွားကြောင်းသိရသည်။ 
“ကားက လေထဲကို မြောက်တက်သွားတာ။ အရှိန်ကပြင်းတော့  လေပေါ်မှာကိုပဲ လေး/ငါး ပတ်လောက်လိမ့်ပြီး လမ်းဘေးကို ကျသွားတယ်။ ယာဉ်မောင်းကလည်း ကားထဲကလွင့်စင်ပြီး အုတ်ရေ မြောင်းထဲကျသွားတာတွေ့လိုက်တယ်”ဟု မျက်မြင်သက်သေတစ်ဦး က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။
နေပြည်တော် - ကံပြားလမ်းအတိုင်း နေပြည်တော်ဘက်မှ မကွေးမြို့ဘက်သို့ မကွေးတိုင်းဒေသကြီး အကျဉ်းဦးစီးမှူးရုံးမှ ယာဉ်မောင်း အောင်စိုးမိုး မောင်းနှင်လာသော TOYOTA HILUX VIGO Extra Cab အနက်ရောင်မော်တော်ယာဉ်မှာ အရှိန်ပြင်းစွာ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၅၁/၁ နှင့် ၅၁/၂ အကြားသို့ အရောက်တွင် အရှိန်မထိန်းနိုင်ဖြစ်ပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အသက် (၃၉)နှစ်ရှိ ယာဉ်မောင်း အောင်စိုးမိုးမှာ မကွေးတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ဦးစီးမှူးရုံးမှ ယာဉ်မောင်းဖြစ်ပြီး  ယာဉ်တိမ်းမှောက်မှုဖြစ်ပွားစဉ် ယာဉ်နှင့် ပေ(၅၀)ခန့်အကွာ အုတ်ရေမြောင်း အတွင်းသို့ လွင့်စင်ကျကာ မှောက်လျှက်အနေအထားဖြင့် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာသို့ မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မကွေးခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (191)(၁)စီး၊ မြို့သစ်မြို့နယ်မီးသတ် ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များနှင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး တို့ ရောက်ရှိကာ တိမ်း မှောက်နေသောယာဉ်အား ဆွဲတင်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီး Dead Bodyအား မြို့သစ်မြို့နယ်ပြည်သူဆေးရုံသို ပို့ဆောင်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ ယာဉ်မောင်းအား မြို့သစ်မြို့မရဲစခန်းမှ ယာဉ်(ပ)၃၈/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၃၀၄(က) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
 Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ-မီးသတ်ဦးစီးဌာန
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~