ပွင့်ဖြူမြို့နယ်တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားရာက အသက် (၇၂)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံး

ပွင့်ဖြူမြို့နယ်တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားရာက အသက် (၇၂)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံး
အောက်တိုဘာ 10, 2020
By Tachileik News Agency
ပွင့်ဖြူမြို့နယ်တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားရာက အသက် (၇၂)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံး
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ စံပြကျေးရွာတွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့ နံနက်အစောပိုင်းက နေအိမ်တစ်လုံးမီးလောင်ကျွမ်းပြီး အသက် (၇၂)နှစ်အရွယ် အမျိုးသားတစ်ဦး မီးလောင်သေဆုံးသွားကြောင်း သိရသည်။
စံပြကျေးရွာရှိ နေအိမ်တစ်လုံး နံနက် (၅) နာရီဝန်းကျင်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အဆိုပါအိမ်တွင်နေထိုင်သည့် အသက် (၇၂)နှစ်အရွယ် အမျိုးသားမှာ နေအိမ်တွင်းမှ ထွက်မပြေးနိုင်ဘဲ မီးလောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးလှမောင်သည် နေအိမ်မီးဖိုတွင် မီးမွှေးရာမှ အနီးရှိ ဝါးထရံအကာကို မီးကူးစက်လောင်ကျွမ်းသွားခြင်းဖြစ်သည်ဟု မီးလောင်ရခြင်းအကြောင်းရင်းကို မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟနှင့် သန္ဓေ၊အရန်၊ ကျေးရွာအရန် မီးသတ်တပ်ဖွဲ့ဝင်များအပြင် အနီးဝန်းကျင်နေအိမ်များက ဝိုင်းဝန်းကူညီငြှိမ်းသတ်ပေးခဲ့ကြကြောင်း သိရသည်။
မီးလောင်သွားသည့်နေအိမ်မှာ သက်ကယ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်းနေအိမ်ဖြစ်ကြောင်းသိရပြီး သေဆုံးသွားသူတစ်ဦးတည်းနေထိုင်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။
 Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-မင်းဘူးပြန်/ဆက်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~