မိုင်းယုမြို့တွင် အမျိုးသားတစ်ဦးအား စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိ

မိုင်းယုမြို့တွင် အမျိုးသားတစ်ဦးအား စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိ
စက်တင်ဘာ 22, 2020
By Tachileik News Agency
မိုင်းယုမြို့တွင် အမျိုးသားတစ်ဦးအား စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် မူးယစ်သတင်းရ နေအိမ်အား ရှာဖွေရာ အမျိုးသားတစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြား (၂၈၀၀) ပြားနှင့်အတူ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့ နေ့လယ်က ဖမ်းမိကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်နှင့် မိုင်းယုနယ်မြေခံရဲတပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ မိုင်းယုမြို့၊ ဒွန်းနွဲ့အုပ်စု၊ ဒွန်းနွဲ့ကျေးရွာနှင့် ဝမ်နားမြတ်ကျေးရွာအကြား ကားလမ်းမဘေးရှိ ဦးသောင်းလှ(ခ) မောင်လှ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား(၂၈၀၀)ပြားကို ရှာဖွေသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့် ဦးသောင်းလှ(ခ) မောင်လှအား မိုင်းယုနယ်မြေခံရဲစခန်းတွင် မယ(ပ) ၂/၂၀၂၀၊ မူး/စိတ်၊ ပုဒ်မ ၁၉(က)/၂၀(က)ဖြင့် အရေးယူဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း - ကိုကိုနိုင်(မိုင်းယု)
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~