မြန်မာရွှေ့ပြောင်းလုပ်သားများအား ဗီဇာသက်တမ်းတိုးပေးရန် ဘတ်(၆)သန်းနီးပါး လိမ်လည်တောင်းနေသည့် ဗီဇာသက်တမ်းတိုးအေဂျင်စီ တစ်ခုကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

မြန်မာရွှေ့ပြောင်းလုပ်သားများအား ဗီဇာသက်တမ်းတိုးပေးရန် ဘတ်(၆)သန်းနီးပါး လိမ်လည်တောင်းနေသည့် ဗီဇာသက်တမ်းတိုးအေဂျင်စီ တစ်ခုကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး
အောက်တိုဘာ 10, 2020
By Tachileik News Agency
မြန်မာရွှေ့ပြောင်းလုပ်သားများအား ဗီဇာသက်တမ်းတိုးပေးရန် ဘတ်(၆)သန်းနီးပါး  လိမ်လည်တောင်းနေသည့် ဗီဇာသက်တမ်းတိုးအေဂျင်စီ တစ်ခုကို  ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား (၃၀၀) ကျော်ထံမှ ဗီဇာသက်တမ်း တိုးပေးရန်ဟုဆိုကာ ဘတ်ငွေ (၆) သန်းနီးပါး လိမ်လည်တောင်းယူထားသည့် အေဂျင်စီလုပ်ငန်းတစ်ခုကို ထိုင်းရဲတပ်ဖွဲ့က စမုပရာခွန်တွင်  ဝင်ရောက်ဖမ်းဆီးရာ အိမ်ခန်းငှားပေးသည့် အိမ်ရှင်ကိုသာ ဖမ်းမိထားပြီး ဆက်လက်ဖေါ်ထုတ်နေဆဲဖြစ်ကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သား (၃၀၀) ကျော်ကို ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်သက်တမ်း ဗီဇာတိုးပေးမည်ဟုဆိုကာ ငွေကြေးလိမ်ညာရယူနေသည့် နေရာကို ရဲတပ်ဖွဲ့က ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့ ညနေ (၆)နာရီဝန်းကျင်တွင် ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗီဇာသက်တမ်းတိုးပေးမည်ဟုဆိုကာ မြန်မာရွှေ့ပြောင်းလုပ်သားများထံမှ တစ်ဦးလျှင် ဘတ် (၁၉၆၀၀) စီရယူထားသည့် အေဂျင်စီဖွင့်ထားရာအဆောက်အဦးကို ဝင်ရောက်ရှာဖွေရာ အသက် (၄၅)နှစ်အရွယ် ထိုင်းအမျိုးသမီး (၁)ဦးနှင့် ပတ်စပို့စာအုပ်အချို့အပါအဝင် အထောက်အထားစာရွက်စာတမ်းများကို ရှာဖွေတွေ့ရှိထားကြောင်း သိရသည်။
ဖမ်းဆီးရမိသည့်အမျိုးသမီးက ၎င်းမှာ ဗီဇာသက်တမ်းတိုးလျှောက်ထားပေးသည့်ကိစ္စများနှင့် မပတ်သက်ဘဲ အိမ်ခန်းငှားပေးသည့် အိမ်ရှင်ဖြစ်သည်ဟု ထွက်ဆိုထားကြောင်း သိရသည်။
သိမ်းဆည်းရမိထားသည့် စာရွက်အထောက်အထားများ၊ ငွေလက်ခံပြေစာများ၊ နိုင်ငံကူးလက်မှတ်စာအုပ်အချို့တို့ကို ရဲတပ်ဖွဲ့က စစ်ဆေးနေပြီး ပါဝင်ပတ်သက်သူများကို ဖေါ်ထုတ်နေဆဲဖြစ်ကြောင်း သိရသည်။
 Tachileik News Agency
Source: The Nation
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~