ထိုင်းနိုင်ငံအတွင်းမှ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၀၀)ကျော် တာချီလိတ်သို့ လွှဲပြောင်းလာ

ထိုင်းနိုင်ငံအတွင်းမှ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၀၀)ကျော် တာချီလိတ်သို့ လွှဲပြောင်းလာ
ဒီဇင်ဘာ 15, 2020
By Tachileik News Agency
ထိုင်းနိုင်ငံအတွင်းမှ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၀၀)ကျော် တာချီလိတ်သို့ လွှဲပြောင်းလာ
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံတွင်းမှ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့၍  မြန်မာနိုင်ငံသား (၁၀၅)ဦး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့ နံနက်တွင် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂)မှတစ်ဆင့် လွှဲပြောင်းပေးလာသည်။
ပြန်လွှဲလာသူများတွင် ရှမ်းပြည်နယ်တွင်းမှ အများဆုံးပါဝင်ပြီး ကယား၊ ကရင်၊ မွန်၊ စစ်ကိုင်း၊ မန္တလေး၊ တနင်္သာရီ၊ ရန်ကုန်၊ ပဲခူး၊ မကွေးနှင့် နေပြည်တော်တို့တွင် နေထိုင်သူများလည်း ပါဝင်သည်။
ပြစ်ဒဏ်စေ့ပြန်လွှဲလာသည့် အမျိုးသား (၆၇) ဦးနှင့် အမျိုးသမီး (၃၈) ဦး စုစုပေါင်း (၁၀၅) ဦးမှာ ထိုင်းနိုင်ငံအတွင်း တရားမဝင် သွားရောက်ခြင်းကြောင့် ပြစ်ဒဏ်ကျခံခဲ့ပြီးနောက် မြန်မာဘက်သို့ လွှဲပြောင်းပေးလာခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံက နယ်စပ်မြို့များမှတစ်ဆင့် မြန်မာဘက်သို့ လွှဲပြောင်းပေးလေ့ရှိခြင်းဖြစ်သည်။
  Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~