မကွေးတိုင်းဒေသကြီးအတွက် COVID-19 ရောဂါကုသရေးဆိုင်ရာ Remdesivir ထိုးဆေးအလုံး(၄၀၀) ရောက်ရှိ

မကွေးတိုင်းဒေသကြီးအတွက် COVID-19 ရောဂါကုသရေးဆိုင်ရာ Remdesivir ထိုးဆေးအလုံး(၄၀၀) ရောက်ရှိ
အောက်တိုဘာ 30, 2020
By Tachileik News Agency
မကွေးတိုင်းဒေသကြီးအတွက် COVID-19 ရောဂါကုသရေးဆိုင်ရာ Remdesivir ထိုးဆေးအလုံး(၄၀၀) ရောက်ရှိ
မကွေးတိုင်းဒေသကြီးအတွက် COVID-19 ရောဂါကုသရေးဆိုင်ရာ Remdesivir ထိုးဆေးအလုံး(၄၀၀)ကို အောက်တိုဘာလ (၂၉)ရက်နေ့က ရောက်ရှိလာပြီဖြစ်သည့်အတွက် တိုင်းအတွင်းရှိ ခုတင်(၂၀၀)နှင့်အထက်ဆေးရုံများသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအတွက် လှူဒါန်းခဲ့တဲ့ ကိုဗစ်ကုသရေးဆိုင်ရာ Remdesivir ထိုးဆေးတွေကို တိုင်းအတွင်းက ခုတင် (၂၀၀)နဲ့ အထက် ဆေးရုံကြီးတွေကို အဓိက ဖြန့်ဝေပေး သွားမှာပါ။ ကုသရေး အပိုင်းကတော့ သက်ဆိုင်ရာသမားတော်ကြီးတွေရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ဆေးထိုးဖို့ လိုအပ်တဲ့လူနာ တွေကိုထိုးပေးသွားမှာပါ” ဟု မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်း က တာချီလိတ်သတင်းအေဂျင်စီသို့ပြော သည်။
အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံအတွက် လှူဒါန်းခဲ့သည့် ကိုဗစ်ကုသရေးဆိုင်ရာ Remdesivir ထိုးဆေးများ အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုင်းဒေသကြီး နှင့် ပြည်နယ်များသို့ ဖြန့်ဝေပေး လျက်ရှိနေရာ ယနေ့ အောက်တိုဘာ (၂၉) ရက်နေ့ ညနေပိုင်းတွင် မကွေးတိုင်းအတွက် ထိုးဆေး အလုံး (၄၀၀) ရောက်ရှိလာခြင်းဖြစ်ပြီး အဆိုပါ Remdesivir ထိုးဆေး ဆက်လက်ဖြန့်ခွဲမည့်အရေ အတွက်ကို တိုင်ပင်ဆွေးနွေး၍ လုပ်ဆောင်သွားမည် ဟု သိရသည်။
မကွေးတိုင်းဒေသကြီးတွင် (၂၅)မြို့နယ်ရှိသည့်အနက် (၂၂)မြို့နယ်တွင် အောက်တိုဘာလ(၂၉)ရက် ညပိုင်းအထိ COVID-19 အတည်ပြုလူနာစုစုပေါင်း (၆၃၃)ဦးရှိခဲ့ပြီး ယနေ့အထိ သေဆုံးမှုမရှိသေးကြောင်း သိရသည်။
Tachileik News Agency
သတင်း-ဖီးနစ် 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~