ထိုင်းက လွှဲပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၉၂)ဦးထဲက (၈၁)ဦးကို တာချီလိတ်ရှိ မိုးကုတ်ရိပ်သာတွင် (၁၄)ရက် စောင့်ကြည့်ပေးထားကာ ကျန်မာရေး စစ်ဆေးပေးနေ

ထိုင်းက လွှဲပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၉၂)ဦးထဲက (၈၁)ဦးကို တာချီလိတ်ရှိ မိုးကုတ်ရိပ်သာတွင် (၁၄)ရက် စောင့်ကြည့်ပေးထားကာ ကျန်မာရေး စစ်ဆေးပေးနေ
မတ် 23, 2020
By Tachileik News Agency
ထိုင်းက လွှဲပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၉၂)ဦးထဲက (၈၁)ဦးကို တာချီလိတ်ရှိ မိုးကုတ်ရိပ်သာတွင် (၁၄)ရက် စောင့်ကြည့်ပေးထားကာ ကျန်မာရေး စစ်ဆေးပေးနေ

ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား (၉၂)ဦးကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ၂၀၂၀ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့က လာရောက်လွှဲပြောင်းပေးရာ ဖျားနေသူ (၁၁)ဦး ပါဝင်သဖြင့် စောင့်ကြည့်လူနာများအဖြစ် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ပို့ဆောင်ထားပြီး ကျန် (၈၁)ဦးကိုလည်း (၁၄)ရက် ခွဲခြားစောင့်ကြည့်ရန် မိုးကုတ်ဝိပဿနာတရားစဉ်နှင့် လုပ်ငန်းစဉ် ပြန့်ပွားရေးအဖွဲ့ခွဲ အမှတ်(၃၄၈)တွင် ပို့ဆောင်ထားရှိပြီး ကျန်းမာရေးဝန်ထမ်းများက နေ့စဉ်ကျန်းမာရေးအခြေအနေ စောင့်ကြည့်နေမည်ဖြစ်ကြောင်း သိရသည်။

"ရိပ်သာမှာ ပို့ထားတဲ့ (၈၁)ယောက်က ဖျားနာတဲ့သူတွေ မပါဘူး။ ဒါပေမဲ့ သူတို့နဲ့အတူလာတဲ့သူတွေက စောင့်ကြည့်သတ်မှတ်ထားတဲ့အတွင်း သူတို့ကို (၁၄)ရက် သီးခြားနေခိုင်းထားတာပေါ့"ဟု တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရောဂါဖြစ်ပွားသည့် နိုင်ငံများမှ ပြန်လာသူများတွင်  ရောဂါလက္ခဏာများ မတွေ့ရသော်လည်(၁၄)ရက် သီးခြားခွဲ၍ ရောဂါကူးစက်ခံရခြင်းရှိ၊ မရှိကို စောင့်ကြည့်သည့်စနစ်ကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အသုံးပြုနေကြခြင်းဖြစ်ပြီး ယင်းကဲ့သို့ သီးခြားစောင့်ကြည့်ခံရသူများအား ထားရှိရန် ဟိုတယ်များ၊ သင်တန်းကျောင်းများ၊ ရိပ်သာများကို ကျန်းမာရေးဦးစီးဌာနများအနေဖြင့် အသုံးပြုနိုင်ရန် ပြည်သူများက ပူးပေါင်းကူညီခြင်းများကိုလည်း လုပ်ဆောင်နေကြခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

ဆက်စပ်သတင်း 

ထိုင်းဘက်က တာချီလိတ်သို့ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသား (၉၂)ဦးတွင် အကျဉ်းထောင်အတွင်းက နေမကောင်းသူ (၁၁)ဦး ပါလာ၍ COVID-19 စောင့်ကြည့် သံသယလူနာအဖြစ် သတ်မှတ်ထားပြီး ကျန်(၈၁)ဦးကို (၁၄)ရက် စောင့်ကြည့်မည်

 ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသည့် (၉၂)ဦးထဲက COVID-19 သံသယလူနာ(၁၁)ဦးကို တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထား

တာချီလိတ်မြို့ရှိ ဟိုတယ်တစ်ခုတွင် ကိုယ်အပူချိန် အနည်းငယ်မြင့်သည့် ထိုင်းနိုင်ငံသူ (၂)ဦးကို တွေ့ရ၍ ဟိုတယ်တွင် သီးသန့်ထားကာ (၁၄)ရက် စောင့်ကြည့်ရန် ကျန်းမာရေးက ညွှန်ကြားထား


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~