ထိုင်းနိုင်ငံမှ ပြန်လာသည့် မကွေးတိုင်းဒေသကြီးမှ အမျိုးသားတစ်ဦးကို အတည်ပြုလူနာအဖြစ် သတ်မှတ်

ထိုင်းနိုင်ငံမှ ပြန်လာသည့် မကွေးတိုင်းဒေသကြီးမှ အမျိုးသားတစ်ဦးကို အတည်ပြုလူနာအဖြစ် သတ်မှတ်
ဧပြီ 14, 2020
By Tachileik News Agency
ထိုင်းနိုင်ငံမှ ပြန်လာသည့် မကွေးတိုင်းဒေသကြီးမှ အမျိုးသားတစ်ဦးကို အတည်ပြုလူနာအဖြစ် သတ်မှတ်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ Facilities Quarantine မှ အတည်ပြုလူနာမှာ ၂၀၂၀ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့က မြဝတီမှတစ်ဆင့် နေရပ်ပြန်လာသူဖြစ်ပြီး မြို့သစ်မြို့သို့ မတ်လ (၃၀) ရက်နေ့တွင်  ရောက်ရှိကတည်းက (၁၄)ရက် Quarantine ဝင်နေခြင်းဖြစ်သည်။

မြို့သစ်မြို့က Facility Quarantine မှာ မတ်လ(၃၀)ရက်နေ့ကစပြီး သူအပါအဝင် (၂၄) ဦး ထားရှိခဲ့တာပါ။ သူနဲ့အတူ (၁၂) ဦးကို ဓာတ်ခွဲနမူနာပို့စစ်ခဲ့တာမှာ ကျန်တဲ့ (၁၂) ဦးက Negative ဖြစ်ပြီး  နောက်ထပ်ကျန်ရှိနေတဲ့ (၁၁) ဦးကိုလည်း ထပ်ပြီးပို့စစ်သွားမှာပါ။ ဒါ့အပြင် သူနဲ့ ထိတွေ့ဆက်စပ်မှုရှိခဲ့ သူတွေကိုလည်း စုံစမ်းဖော်ထုတ်ပြီး Quarantine ထားရှိဖို့ ဆောင်ရွက်ပြီး သူ့ကိုလည်း မကွေးဆေးရုံကြီးကို ခေါ်ဆောင်ထားရှိသွားမှာပါ

ဟု မကွေးတိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ (၁၃)ရက်နေ့ ည (၁၁)နာရီခွဲတွင် ပြောသည်။

အတည်ပြုလူနာ အသက် (၃၁)နှစ်အရွယ် အမျိုးသားသည် ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသူဖြစ်ပြီး မတ်လ (၂၉)ရက်နေ့ ညနေ (၅)နာရီက ပွင့်သစ်စ ရတနာကားဖြင့် မြဝတီ - ရန်ကုန်သို့ ပြန်လာပြီး ယင်းမှတစ်ဆင့် ပြည် - အောင်လံ - တောင်တွင်းကြီး -မြို့သစ် ပြန်လာရာ မတ်လ (၃၀) ရက်နေ့ ညပိုင်းတွင် ရောက်ရှိလာသဖြင့် မြို့သစ်မြို့ရှိ အထက (၁)တွင် Facilities Quarantine ထားရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Facilities Quarantine ထားရှိသူများ (၁၄)ရက်ပြည့်ပါက (၃)ရာခိုင်နှုန်းမှ (၅)ရာခိုင်နှုန်းအထိ ဓါတ်ခွဲနမူနာရယူစစ်ဆေးရန် ဧပြီလ (၉)ရက်နေ့တွင် ကျန်းမာရေးဦးစီးဌာနက လမ်းညွှန်ခဲ့ပြီးနောက် Quarantine ရက်ပြည့်ခါနီးသူများကို ဓါတ်ခွဲစစ်ဆေးရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းမှ Hospital Quarantine နှင့် Facility Quarantine များမှ ဓာတ်ခွဲနမူနာ  ပေးပို့ထားသူ (၁၇၀) ဝန်းကျင်ရှိသည့်အနက် ဧပြီလ (၁၃)ရက်နေ့အထိ စစ်ဆေးတွေ့ရှိချက်အရ (၈၃)ဦး၏အဖြေမှာ Negative ဖြစ်ခဲ့ပြီး (၁)ဦးမှာ အတည်ပြုလူနာ ဖြစ်သွားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~