ပြည်တွင်း လေကြောင်းလိုင်းအချို့၏ ပြေးဆွဲမှု ယာယီရပ်နားမည်ဖြစ်ပြီး ခရီးစဉ်အချို့ လျှော့ချ ပျံသန်းသွားမည်

ပြည်တွင်း လေကြောင်းလိုင်းအချို့၏ ပြေးဆွဲမှု ယာယီရပ်နားမည်ဖြစ်ပြီး ခရီးစဉ်အချို့ လျှော့ချ ပျံသန်းသွားမည်
စက်တင်ဘာ 10, 2020
By Tachileik News Agency
ပြည်တွင်း လေကြောင်းလိုင်းအချို့၏ ပြေးဆွဲမှု ယာယီရပ်နားမည်ဖြစ်ပြီး ခရီးစဉ်အချို့ လျှော့ချ ပျံသန်းသွားမည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ပြေးဆွဲနေသည့် လေကြောင်းလိုင်းအချို့၏ ခရီးစဉ်များကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့မှစ၍ ယာယီရပ်နားထားမည်ဖြစ်ပြီး လေကြောင်းလိုင်းအချို့က ခရီးစဉ် လျှော့ချပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။
“လေကြောင်းခရီးစဉ်ကတော့ အကုန်နီးပါး နားသွားတယ်။ မြန်မာ့လေကြောင်းကတော့ လိုအပ်ရင် လိုအပ်သလို ပြေးဆွဲပေးမယ်။ Air KBZ က တစ်ပတ် (၃)ရက်ပြေးဆွဲမယ်။ ကျန်တာတွေကတော့ နားထားတယ်”ဟု တာချီလိတ်လေဆိပ်မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့နှင့် အခြားမြို့များသို့ ပျံသန်းပြေးဆွဲပေးနေသည့် မန်းရတနာပုံလေကြောင်းလိုင်း၊ ရွှေမြန်မာလေကြောင်းလိုင်း၊ Air Than Lwin လေကြောင်းလိုင်းတို့က တာချီလိတ်ခရီးစဉ်ကို စက်တင်ဘာလ (၉)ရက်နေ့မှစ၍ ယာယီရပ်နားထားကြခြင်းဖြစ်ကြောင်းသိရသည်။
မန်းရတနာပုံလေကြောင်းလိုင်း က လေယာဉ်ခရီးစဉ်များကို   စက်တင်ဘာလ (၁၅)ရက်နေ့အထိ ရပ်နားထားမည်ဖြစ်ပြီး Air Than Lwin လေကြောင်းလိုင်းက စက်တင်ဘာလ (၁၀)ရက်နေ့မှ စက်တင်ဘာလ (၂၄)ရက်နေ့အထိ ယာယီရပ်နားမည်ဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~