တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိရာမှ နေအိမ်၌ မူးယစ်ဆေးဝါးများ ထပ်မံ ဖမ်းမိ

တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိရာမှ နေအိမ်၌ မူးယစ်ဆေးဝါးများ ထပ်မံ ဖမ်းမိ
နိုဝင်ဘာ 29, 2020
By Tachileik News Agency
တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိရာမှ နေအိမ်၌ မူးယစ်ဆေးဝါးများ ထပ်မံ ဖမ်းမိ
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့်အပြင် နေအိမ်၌ပါ မူးယစ်ဆေးဝါးများ ထပ်မံ ဖမ်းဆီးရမိ၍ အမှုဖွင့် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဖတ်ဟိအောက်ကျေးရွာအနီး လမ်းမပေါ်တွင် မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က မူးယစ်ဆေးဝါးသတင်းအရ  ၂၀၂၀ခုနှစ် နိုဝင်ဘာလ (၂၈)ရက်နေ့ နံနက်(၁၁)နာရီခွဲဝန်းကျင်အချိန်က စောင့်ဆိုင်းနေစဉ် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ အားရဲ (ခ) အားမြှာမောင်းလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေး ရှာဖွေရာက မူးယစ်ဆေးဝါးများကို ဖမ်းဆီး သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။
ပူးပေါင်းအဖွဲ့က  အားရဲ (ခ) အားမြှာ မောင်းလာသည့် ဆိုင်ကယ်အား ရပ်တန့်စေပြီး ရှာဖွေစစ်ဆေးရာက  ဆိုင်ကယ်လက်ကိုင်တွင် ချိတ်ဆွဲထားသည့် လက်ဆွဲအိတ်အတွင်းမှ ဘိန်းဖြူ အလေးချိန် (၄၄)ဂရမ်ကို ရှာဖွေတွေ့ရှိကြောင်း သိရသည်။

ဆက်လက်၍ စစ်ဆေးဖော်ထုတ်ချက်အရ  ၎င်းနေထိုင်သည့် ဖတ်ဟိအောက်ရွာရှိ နေအိမ်မှ ဘိန်းဖြူအလေးချိန် (၂၀၀)ဂရမ် နှင့် စိတ်ကြွရူးသွပ်ဆေးပြား (၁,၀၀၀)ပြားတို့ကို ထပ်မံ သိမ်းဆည်း ရမိ၍ အမှုဖွင့် စစ်ဆေးနေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~