တာချီလိတ်မှ 1G1 ဟိုတယ်တွင် COVID 19 အတည်ပြုလူနာတွေ့ရသဖြင့် နိုဝင်ဘာလ (၂၇) မှစ၍ ဟိုတယ်ကို အသွားအလာကန့်သတ်ဧရိယာသတ်မှတ်

တာချီလိတ်မှ 1G1 ဟိုတယ်တွင် COVID 19 အတည်ပြုလူနာတွေ့ရသဖြင့် နိုဝင်ဘာလ (၂၇) မှစ၍ ဟိုတယ်ကို အသွားအလာကန့်သတ်ဧရိယာသတ်မှတ်
နိုဝင်ဘာ 27, 2020
By Tachileik News Agency
တာချီလိတ်မှ 1G1 ဟိုတယ်တွင် COVID 19 အတည်ပြုလူနာတွေ့ရသဖြင့် နိုဝင်ဘာလ (၂၇) မှစ၍ ဟိုတယ်ကို အသွားအလာ ကန့်သတ်ဧရိယာသတ်မှတ်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ 1G1 ဟိုတယ်တွင် COVID 19 အတည်ပြုလူနာတွေ့ရသဖြင့် ဟိုတယ်ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့မှစ၍ အသွားအလာကန့်သတ် ဧရိယာသတ်မှတ်လိုက်ပြီး အတည်ပြုလူနာနှင့်ထိတွေ့သူ (၂၄) ဦးကို ဟိုတယ်တွင် အသွားအလာကန့်သတ်ထားသည်။
ဟိုတယ်တွင် နိုဝင်ဘာလ (၁၆) ရက်နေ့အထိ အလုပ် လုပ်ခဲ့သည့် အသက် (၂၀) အရွယ် အမျိုးသမီးတစ်ဦးတွင် COVID 19 ကူးစက်ခံထားရကြောင်း ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့က တွေ့ရပြီးနောက် ၎င်းနှင့်ထိတွေ့သူ ဟိုတယ်ဝန်ထမ်း (၂၅) ဦးနှင့် အခြားထိတွေ့သူ (၇) ဦးကို နိုဝင်ဘာလ (၂၇) ရက်နေ့၌ စစ်ဆေးရာ အတည်ပြုလူနာ (၅) ဦး ထပ်တိုးတွေ့ရခြင်းဖြစ်သည်။
ထပ်တိုးတွေ့ရသည့် အတည်ပြုလူနာများအား တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ၌ ပို့ဆောင်ထားရာ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ၌ ကုသပေးနေသည့် အတည်ပြုလူနာ အမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၅)ဦး စုစုပေါင်း (၈)ဦးရှိနေပြီဖြစ်သည်။
အတည်ပြုလူနာနှင့် ထိတွေ့အသွားအလာကန့်သတ်ထားသူ ဟိုတယ်ဝန်ထမ်း (၂၄) ဦးကို 1G1 ဟိုတယ်တွင် အသွားအလာကန့်သတ်ထားပြီး အခြားထိတွေ့သူ (၄) ဦးကို facility quarantine ၌ ထားရှိပြီး ဒုတိယအကြိမ် ဓာတ်ခွဲနမူနာရယူစစ်ဆေးမည်ဖြစ်သည်။
နိုဝင်ဘာလ (၂၅) ရက်နေ့က တွေ့ရသည့် အတည်ပြုလူနာအမျိုးသမီး နိုဝင်ဘာလ (၁၈) ရက်နှင့် (၁၉) ရက်နေ့များက KBZ ဘဏ် (၁) သို့ သွားခဲ့သဖြင့် ယင်းနေ့များတွင် တာဝန်ကျသည့် ဘဏ်ဝန်ထမ်း (၅)ဦးကို RDT ဖြင့် စစ်ဆေးရာ Negative အဖြေရထားပြီး အတည်ပြုလူနာ ကျိုင်းတုံသွားသည့်နေ့၌ ဗုဒ္ဓဥယျာဉ်သို့ သွားလည်ခဲ့သည့် အမျိုးသား (၂)ဦးနှင့် အမျိုးသား (၂)ဦးမှာလည်း RDT ဖြင့် စစ်ဆေးမှုအတွင်း Negative အဖြေရထားကြောင်း သိရသည်။
Tachileik News Agency
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~