မိုင်းဖြတ်မြို့တွင် (၄)ရက်တာအတွင်း Mask မတပ်ဘဲ အပြင်ထွက်သူ (၃၅၈) ဦးကို ကျပ်(၂၀၀)စီ ဒဏ်ငွေ သတ်မှတ်

မိုင်းဖြတ်မြို့တွင် (၄)ရက်တာအတွင်း Mask မတပ်ဘဲ အပြင်ထွက်သူ (၃၅၈) ဦးကို ကျပ်(၂၀၀)စီ ဒဏ်ငွေ သတ်မှတ်
အောက်တိုဘာ 13, 2020
By Tachileik News Agency

မိုင်းဖြတ်မြို့တွင် (၄)ရက်တာအတွင်း Mask မတပ်ဘဲ အပြင်ထွက်သူ (၃၅၈) ဦးကို ကျပ်(၂၀၀)စီ ဒဏ်ငွေ သတ်မှတ် 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် နှာခေါင်းစည်း(Mask) မတပ်ဘဲ အပြင်ထွက်သွားလာသူများအား မြို့အဝင်၊ အထွက်ဂိတ်များတွင် စစ်ဆေးပြီး ဒဏ်ငွေပေးဆောင်စေသည့် စနစ်ဖြင့် ကြပ်မတ်နေရာ (၄)ရက်တာ အတွင်း မလိုက်နာသူ (၃၅၈) ဦးကို စိစစ်တွေ့ရှိကြောင်း သိရသည်။
"ဒီနေ့ အထိတော့ Mask မတပ်လို့ ဒဏ်ငွေရိုက်သူ စုစုပေါင်း (၃၅၈) ဦး ရှိပါပြီ။ ဒဏ်ငွေရိုက်တဲ့ အစီအစဉ်က COVID-19 ရောဂါမပြီးမချင်း ဒါမှမဟုတ် ပြည်သူတွေ စည်းကမ်းလိုက်နာတဲ့အထိ လုပ်ဆောင်သွားမှာပါ"ဟု မိုင်းဖြတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့တွင် ပြောသည်။
မိုင်းဖြတ်မြို့ အတွင်း Mask မတပ်ဆင်ပဲ သွားလာနေသူများကို ဒဏ်ငွေကျပ် (၂၀၀) ပေးဆောင်စေပြီး ချက်ခြင်း Mask ဝယ်ယူတပ်ဆင်စေသည့်စနစ်ကို ၂၀၂၀ ခုနှစ် အောက်တိုဘာ (၁၀) ရက်နေ့က စတင်ပြီး အဖွဲ့စုံဖြင့် စစ်ဆေးမှုများကို စတင်လုပ်ဆောင်နေခြင်း ဖြစ်သည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - ကိုသာ
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~