တာချီလိတ်ရှိ မယ်ဆိုင်ချောင်းအတွင်း ရေစီးရေလာကောင်းရေးအတွက် တူးဖော်

တာချီလိတ်ရှိ မယ်ဆိုင်ချောင်းအတွင်း ရေစီးရေလာကောင်းရေးအတွက် တူးဖော်
ဖေဖော်ဝါရီ 24, 2020
By Tachileik News Agency

တာချီလိတ်ရှိ မယ်ဆိုင်ချောင်းအတွင်း ရေစီးရေလာကောင်းရေးအတွက် တူးဖော်

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်နဲ့ မယ်ဆိုင်အကြားမှာ ရှိတဲ့ မယ်ဆိုင်ချောင်းတွင်းမှာ နွေရာသီ  ရေခမ်းခြောက်မှုမဖြစ်ပေါ်စေရေး နဲ့ ရေစီးရေလာကောင်းမွန်ရေးအတွက် မြန်မာဘက်ခြမ်းက စက်ယန္တရားနဲ့ တူးဖော်မှုတွေကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့က စတင်ဆောင်ရွက်နေပြီး တဖက်နိုင်ငံကို TBC ကနေအကြောင်းကြားမှုတွေ လုပ်ဆောင်ထားတယ်လို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောပါတယ်။

မယ်ဆိုင်ချောင်းရေကို နှစ်နိုင်ငံ ညီမျှစွာမျှဝေသုံးစွဲရမယ်ဆိုတဲ့ သဘောတူစာချုပ်အရ အခုလိုဆောင်ရွက်တာဖြစ်တယ်လို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောပါတယ်။

၂၀၁၉ ခုနှစ်မတ်လကစတင်ပြီး တာချီလိတ်မြို့တွင်း သန့်ရှင်းရေးအတွက် စုပေါင်းအမှိုက်ကောက်မှုတွေ လုပ်ဆောင်ချိန်မှာ မယ်ဆိုင်ချောင်းအတွင်း ရေခမ်းခြောက်နေမှုကို တွေ့ရှိခဲ့ရတဲ့အတွက် နှစ်နိုင်ငံတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေး ကွင်းဆင်းကြည့်ရှုမှုတွေ လုပ်ဆောင်ခဲ့ပြီး ချောင်းတွင်း ပြန်လည်တူးဖော်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~