နမ္မတူမြို့ရှိ အလကကျောင်းမှ Covid-19 ပိုးတွေ့ရသည့် ဆရာမ(၃)ဦး နှင့် ပတ်သက်၍ ယာဉ်လိုင်း(၃)ခုကို ဇွန်လ(၂၁)ရက်နေ့အထိ ယာယီပိတ်ခိုင်းထား

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့ရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၂၁ ခုနှစ် ဇွန်လအတွင်း Covid-19 ပိုးတွေ့သူ ဆရာမ (၃)ဦးရှိလာသည့်အတွက် အဆိုပါဆရာမများ ဇွန်လအတွင်းက အခြားဒေသများမှ နမ္မတူမြို့သို့ စီးနင်းလာခဲ့သော ခရီးသည်တင်ယာဉ်လိုင်း (၃)ခုအား ယာယီရပ်နားထားရန် အထွေထွေအုပ်ချုပ်ရေးဌာနက စာဖြင့် အသိပေးထားကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဇွန်လ (၁၆)ရက်နေ့အထိ ကျောက်မဲခရိုင် နမ္မတူမြို့ရှိ အခြေခံပညာအလယ်တန်းကျောင်းတစ်ခုရှိ ကျောင်းဆရာမ (၃)ဦးတွင် Covid-19 ပိုးတွေ့ရှိထားသည့်အတွက် ၎င်းဆရာမ (၃)ဦး စီးနင်းလာခဲ့သည့် ရွှေနမ္မတူ ( လားရှိုး-နမ္မတူ )၊ ကြယ်သုံးလုံး(လားရှိုး-နမ္မတူ ) နှင့် ငွေမန်းရတနာ( မန္တလေး-နမ္မတူ  ) တို့အား ဇွန်လ (၁၇)ရက်နေ့မှ (၂၆)ရက်နေ့အထိ ယာယီပိတ်ထားရန် မြို့နယ် ထွေအုပ်က အသိပေးထားခြင်း ဖြစ်သည်။ 

ကားဂိတ်များကို ယာယီပိတ်ထားရစဉ်ကာလအတွင်း အဆိုပါက ားဂိတ်များရှိ ဂိတ်ဝန်ထမ်းများလဲ နေအိမ်တွင်သာ နေထိုင်ရန်၊ ကျန်းမာရေးတစ်စုံတစ်ရာထူးခြားမှု ရှိလာပါက ရပ်ကွက်အုပ်ချုပ်ရေး (သို့မဟုတ်) ကျန်းမာရေးဌာနများသို့ သတင်းပို့ရန်နှင့် လိုက်နာရန်ပျက်ကွက်ပါက သဘာဝဘေးဥပဒေပုဒ်မ( ၂၅ ) ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားရှိသည်။