တာချီလိတ်မြို့မှ ထိုင်းနှင့်တရုတ်နိုင်ငံသား အပါအဝင် စောင့်ကြည့်လူနာ(၆)ဦး COVID-19 ပိုးမတွေ့

တာချီလိတ်မြို့မှ ထိုင်းနှင့်တရုတ်နိုင်ငံသား အပါအဝင် စောင့်ကြည့်လူနာ(၆)ဦး COVID-19 ပိုးမတွေ့
ဧပြီ 5, 2020
By Tachileik News Agency
တာချီလိတ်မြို့မှ ထိုင်းနှင့်တရုတ်နိုင်ငံသား အပါအဝင် စောင့်ကြည့်လူနာ(၆)ဦး  COVID-19 ပိုးမတွေ့
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ ပြည်သူ့ဆေးရုံတွင် တရုတ်နှင့် ထိုင်းနိုင်ငံသား အပါအဝင် စောင့်ကြည့်လူနာ (၆)ဦးစလုံးတွင် ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့ ညပိုင်း ဓါတ်ခွဲအဖြေထုတ်ပြန်ချက်အရ သိရသည်။

“ရှမ်း(အရှေ့)မှာ ဒီနေ့ (၆) ယောက်ပါတယ်။ အကုန်လုံး တာချီလိတ်က။ မနက်ဖြန်တော့ ကျိုင်းတုံက (၂)ယောက်နဲ့ မိုင်းဖြတ်က (၁)ယောက်ပါမယ်”ဟု  ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ဆေးရုံမှ စောင့်ကြည့်လူနာများဖြစ်ကြသည့် ဆန်ဆိုင်း (ခ)ရပ်ကွက်မှ တရုတ်နိုင်ငံသား (၁)ဦးနှင့် ထိုင်းနိုင်ငံသူ (၁)ဦး၊ လာအိုနိုင်ငံမှ နေရပ်ပြန်လာသူ (၂)ဦး၊ ဝမ်ကောင်းရပ်ကွက်မှ အမျိုးသမီး (၁)ဦးနှင့် မိုင်းလင်းမှ အမျိုးသား (၁)ဦးတို့တွင် COVID-19 ပိုးမတွေ့ရကြောင်း ဓါတ်ခွဲအဖြေရလာခြင်းဖြစ်သည်။

စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသောသူ (၅၅) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုး မရှိကြောင်း အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဧပြီလ (၅)ရက်နေ့၌ ထုတ်ပြန်ထားသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~